ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနေရာအတွက် အသစ်ခန့်အပ်

  • 5 years ago
ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနေရာအတွက် အသစ်ခန့်အပ်
**********************
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ လစ်လပ်နေတဲ့ ဒုတိယဥက္ကဋ္ဌနေရာအတွက် ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ်-၂ က NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစန်းထွေးကို ဖေဖော်ဝါရီလ ၂၈ရက်နေ့က ခန့်အပ် ခဲ့ပါ တယ်။

အဆိုပါ ဒုတိယဥက္ကဋ္ဌနေရာအတွက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ ဓနုဖြူမြို့နယ်၊မဲဆန္ဒနယ်-၂ ကိုယ်စားလှယ်ဦးစန်းထွေးကို ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ ဦးစန်းထွေးက ကတိသစ္စာပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။
ယခင်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးစံမင်းအောင်ဟာ လွှတ်တော်အတွက် ကားများ ၀ယ်ယူရာမှာ ငွေကြေးအလွဲသုံးစားလုပ်ခဲ့လို့ တိုင်ကြားခံခဲ့ရတဲ့အတွက် NLD ပါတီက အထူး စုံစမ်းရေးအဖွဲ့နဲ့ ပါတီတွင်းစစ်ဆေးပြီး ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပါတီကနေ ထုတ်ပယ်ခံထားရပါတယ်။

သည့်နောက်မှာတော့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဘိုကလေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစံမင်းအောင်ဟာ သူ့ရဲ့သဘောဆန္ဒအရ ဒုတိယဥက္ကဋ္ဌတာဝန်ကနေ ဇန်နဝါရီလ ၃၁ရက်နေ့မှာ နှုတ် ထွက်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းလွှတ်တော်ရဲ့ လစ်လပ်နေတဲ့ ဒုတိယဥက္ကဋ္ဌနေရာကို ပြန်လည်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူး- စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ