မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကျွန်းစိုက်ခင်းကို စတင်ခဲ့သူအတွက် အမှတ်တရ

  • 5 years ago
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကျွန်းစိုက်ခင်းကို စတင်ခဲ့သူအတွက် အမှတ်တရပြတိုက်ဆောက်မည်
*******************************
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကျွန်းစိုက်ခင်းကို စတင်ဦးဆောင် စိုက်ပျိုးခဲ့တဲ့ ဂျာမန်အမျိုးသား သစ်တောပညာရှင် ဒေါက်တာ ဘရန်းဒစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်တရ ပြတိုက်တစ်ခုကို ဆောက်လုပ်သွားဖို့ ရှိနေပါတယ်။

၁၉၅၄ ခုနှစ်တုန်းက ဒေါက်တာဘရန်းဒစ်ဦးဆောင်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့အထွက်မှာ အဆိုပါ စိုက်ခင်းကို စိုက်ပျိုးခဲ့တာပါ။ အဖိုးမဖြတ်နိုင်တဲ့ ကျွန်းစိုက်ခင်းကို အဲဒီလို စိုက်ပျိုးခဲ့တဲ့အတွက် သူ့ကို သတိတရရှိကြဖို့ အမှတ်တရပြတိုက်ကို အဲဒီမှာပဲ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ ပြည်ခရိုင်သစ်တောဦးစီးဌာနက သိရပါတယ်။

ရိုက်ကူး ၊ တည်းဖြတ် - ဟန်ထူးဇော်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ