ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ရန် ဒုတိယအကြိမ် အစည်းအဝေး ရလဒ်မထွက်

  • 5 years ago
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတခု ဖွဲ့စည်းဖို့ ဒုတိယအကြိမ်အစည်းအဝေးမှာလည်း အပြီးသတ်ရလဒ် မရခဲ့ပါဘူး။
ပူးပေါင်းကော်မတီဖွဲ့စည်းရာမှာ လွှတ်တော်အတွင်း ကိုယ်စားလှယ်ရရှိမှု ရာခိုင်နှုန်း အလိုက် အချိုးကျပါဝင်မှု၊ ကော်မတီရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေအပေါ် တပ်မတော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့က ထောက်ပြဝေဖန်ခဲ့ပြီး သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။�

ရိုက်ကူး - ထက်နိုင်ဇော်/ကျော်မျိုး

တည်းဖြတ်- ဝေယံမိုးမြင့်