ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင် လူသားကို ကယ်တင်ရန် ရည်ရွယ်)

  • 5 years ago
I

လူသားတို့ နတ်ဆိုး နင်းခြေခြင်းခံရ၊ တက်နင်းခြင်းခံရ

သူတို့သည် ဖန်ဆင်းစက အာဒံနှင့်ဧဝမဟုတ်ကြတော့ပါ

သူတို့သည် ဘုရားကိုဆန့်ကျင်သော အယူအဆ၊ အသိ၊

စိတ်ကူးအတွေးစသည်တို့နှင့် ပြည့်နှက်ပြီး

ဖောက်ပြန်သောစိတ်သဘောထားအပြည့်ရှိကြ၏

သို့သော် ဘုရားအမြင်မှာ

လူသည် သူဖန်ဆင်းထားသောအရာသာ ဖြစ်၏

သို့သော် ဘုရားအမြင်မှာ

လူသည် သူဖန်ဆင်းထားသောအရာသာ ဖြစ်၏

II

လူသည် ယခုတိုင် ဘုရား၏အုပ်စိုးမှုနှင့်စီစဉ်ညွှန်ကြားမှုအောက်တွင်ရှိ

လူသည် ဘုရားသခင်စီစဉ်သည့်အချိန်ကာလ၌ အသက်ရှင်

ထို့ကြောင့် ဘုရားအမြင်မှာ လူသည် စာတန်ဖျက်ဆီးခံရသာ သက်သက်

လူသည် ဖုံပေကျံရုံမျှသာ၊ ငတ်မွတ်ခြင်းရှိ၍ တုံ့ပြန်မှု

အနည်းငယ်နှေးကွေး၊

မှတ်ဉာဏ်အားနည်းပြီး အသက်အနည်းငယ်ပိုကြီး

သို့သော် သူ့ပင်ကိုအသိစိတ်နှင့်

ခွဲခြားသိမြင်နိုင်စွမ်းသည် ကောင်းမြဲကောင်းစဲ

ထိုသူကို ဘုရားကယ်တင်မည် ထိုသူကို ဘုရားကယ်တင်မည်

III

သူ ခေါ်သံကြားသောအခါ၊ သူဖန်ဆင်းရှင်၏ခေါ်သံကြားသောအခါ

လူသားသည်အသံလာရာဇာစ်မြစ်ရှာရန်

အလောတကြီး မတ်တတ် ထလိမ့်မည်

လူသားသည် ဖန်ဆင်းရှင်၏ပုံစံကို မြင်တွေ့သောအခါ

သူသည် ဘုရားအတွက် သုံးရန် အားလုံး စွန့်လွှတ်လိမ့်မည်

ထို့ပြင် ဘုရားအဖို့ မိမိဘဝကိုပင် ပေးလိမ့်မည်

ထို့ပြင် ဘုရားအဖို့ မိမိဘဝကိုပင် ပေးလိမ့်မည်

IV

လူ၏နှလုံးသားသည်

ဖန်ဆင်းရှင်၏လေးနက်သည့်စကားအရာကို နားလည်သည့်အခါ

သူ စာတန်ကို စွန့်ခွာပစ်ပယ်ပြီး ဖန်ဆင်းရှင်ဆီသို့ လာလိမ့်မည်

သူ ညစ်ညမ်းမှုကို လုံးဝဆေးကြောသန့်စင်ပြီး

ဖန်ဆင်းရှင်၏ထောက်ပံ့မှုနှင့်

အာဟာရဖြည့်တင်းမှုကို ပြန်လည်ရရှိသောအခါ

သူ့မှတ်ဉာဏ် နဂိုအတိုင်းပြန်ဖြစ်လိမ့်မည်

ထိုအခါ ဖန်ဆင်းရှင်၏အုပ်စိုးမှုဆီ အမှန်ပြန်ရောက်သွားလိမ့်မည်

ထိုအခါ ဖန်ဆင်းရှင်၏အုပ်စိုးမှု အမှန်တကယ်ပြန်ရောက်ပါလိမ့်မည်


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာမျာ: https://my.godfootsteps.org/videos/God-puts-His-hope-on-man-hymn.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။



ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။ www.stockfootage.com

Category

🎵
Music

Recommended