ခြေ/ဥ ပြင်ဆင်ရေးအပေါ် သမ္မတဟောင်းရဲ့ သဘောထား

Mizzima TV

oleh Mizzima TV

0 tontonan
ခြေ/ဥ ပြင်ဆင်ရေးအပေါ် သမ္မတဟောင်းရဲ့ သဘောထား

#MizzimaTV

၁၆နှစ်လောက် အချိန်ယူရေးဆွဲထားရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေနဲ့ မလုံလောက်ဘူးလို့ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ အခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်တဲ့ အချိန်အခါနဲ့ ကိုက်ညီအောင် ပြင်ရမှာဖြစ်ပေမယ့် လွယ်လွယ်နဲ့ မပြင်သင့်ဘူးလို့လည်း မန္တလေးမြို့ကို ဖေဖော်ဝါရီလ ၁၅ရက်နေ့က ရောက်ရှိလာတဲ့ သမ္မဟောင်းက အခုလို ပြောကြားလိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်လမ်းကြောင်းကနေ ပြင်ဆင်ဖို့ ဥပဒေအရ ခွင့်ပြုပေးထားတာကြောင့် ဦးသိန်းစိန်ရဲ့ ပြောကြားချက်ဟာ မဖြစ်နိုင်ဘူးလို့ NLD ပါတီက အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က မဇ္ဈိမကို ပြောပါတယ်

လက်ရှိမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ လွှတ်တော်မှာ ကြိုးပမ်းနေပြီဖြစ်ပေမယ့် ညှိနှိုင်းမှုတွေ မပြေလည်သေးတာကြောင့် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါဘူး။

ရိုက်ကူး/တည်းဖြတ်-မင်းမင်း

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54749