• 5 years ago
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ငါ၏ စကားများကို နားထောင်စေရန် ကြိုတင်ခွဲခန့် မှတ်သားထားသည့်သူ အားလုံးတို့ကို ငါ့အိမ်သို့ ငါခေါ်မည်ဖြစ်ပြီး ငါ့စကားကို နာခံပြီး တောင့်တသောသူ အားလုံးတို့ကို ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ခေါ်သွင်းကာ နေရာပေးမည်။ ငါ့စကားကို စွန့်ပယ်သောသူ၊ ငါ့ကို မနာခံ၊ မကျိုးနွံသောသူများနှင့် ငါ့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖီဆန်သူ အားလုံးတို့ကို အခြား တစ်ဖက်တွင် နေရာချပြီး နောက်ဆုံးသော ပြစ်ဒဏ်စီရင်ခြင်းအတွက် စောင့်ဆိုင်းနေစေမည်။ လူသားအားလုံးတို့မှာ ယိုယွင်းပျက်စီးမှုထဲ၌ ကျင်လည်နေကြပြီး မကောင်းဆိုးဝါး လက်အောက်၌ သက်ရှင်နေကြသည်။ ထို့အတွက်ကြောင့် ငါ့နောက်သို့ လိုက်သောသူ အနည်းငယ်မျှသာလျှင် သမ္မာတရားကို အမှန်တကယ် လိုလားနှစ်သက်ကြသည်။ ဆိုလိုရင်းမှာ လူသားအများစုသည် ငါ့အား စစ်မှန်သော နှလုံးသား သို့မဟုတ် သမ္မာတရားဖြင့် ဝတ်မပြု မကိုးကွယ်ကြပေ၊ ထိုအစား အကျင့်စာရိတ္တပျက်ပြားမှု၊ ဆန့်ကျင်ဖီဆန်မှု၊ လိမ်ညာလှည့်ဖျားမှုများမှတစ်ဆင့် ငါ၏ ယုံကြည်စိတ်ချရမှုကို ရယူနိုင်ရန် ကြိုးစားနေကြသည်။ ဤအတွက် ကြောင့်ပင် "ခေါ်ခြင်းခံရသူ များပြားသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏" ဟူ၍ ငါပြောခြင်းဖြစ်သည်။ ခေါ်ခြင်းခံရသူ အားလုံးတို့မှာ နက်ရှိုင်းစွာ ယိုယွင်းပျက်စီးနေကြပြီး ခေတ်ကာလ တစ်ခုတည်း၌ အသက်ရှင်နေကြသည်၊ သို့သော်လည်း ရွေးကောက်ခံရသူများမှာ သမ္မာတရားကို ယုံကြည်လျက် ဝန်ခံကြပြီး ယင်းသမ္မာတရားအတိုင်း လက်တွေ့လိုက်လျှောက် အသက်ရှင်ကြသည့် အုပ်စုဖြစ်သည်။ ယင်းလူသားများမှာ လူသားထု တစ်ရပ်လုံး၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုမျှသာရှိပြီး ထိုသူများအားဖြင့် ငါသည် သာ၍များသော ဘုန်းတော်ကို ရရှိမည်။"

အကြံပြုစာများဖတ်ရှုလေ့လာရန်: https://my.godfootsteps.org/Savior-has-returned-scroll.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended