သူ လိမ်ခဲ့တဲ့ပုံစံကို မသိတဲ့သူတွေက အဲ့ဒီလိုပြောကြမှာပဲ

  • 5 years ago
“လောဘကြီးလို့၊ ဦးနှောက်မရှိလို့၊ အ လို့၊ ဟုတ်ပါတယ်။ ကျွန်မတို့ အ လို့ အလိမ်ခံလိုက်ရတယ်။ ဒါပေမယ့် သူ လိမ်ခဲ့တဲ့ပုံစံကို မသိတဲ့သူတွေက အဲ့ဒီလိုပြောကြမှာပဲလေ”
**********************
ဒေါ်နန္ဒမာလာအား ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ကျပ်သိန်း ၁ဝ၅ဝ လိမ်လည်မှုဖြင့်တရားစွဲထားသူ မသန္တာဦးက သူ ဘယ်လိုအလိမ်ခံခဲ့ရတယ်၊ နောက်ပြီး ဒေါ်နန္ဒမာလာရဲ့ ခင်ပွန်းက ဘာကြောင့် သူ့ကိုပြန်ပြီး အမှုဖွင့်ထားတယ်ဆိုတဲ့အကြောင်း အခုလို ပြည့်ပြည့်စုံစုံ ပြောထားပါတယ်။

လက်ရှိမှာ ဒေါ်နန္ဒမာလာအနေနဲ့ ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှုဖြင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အပြင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးမှာ ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှု၊ မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ကျပ်သိန်း ၁ဝ၅ဝ လိမ်လည်မှုတို့နဲ့လည်း အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)