လူမှုရေးထူးချွန်ဆု အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ရရှိ (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ ၊ ဇန်နဝါရီ ၁၀ ၊ ၂၀၁၉

DHL(Doctor of Humane Letters)ဘွဲ့ကို အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းကို ယူနီယံ ဓမ္မတက္ကသိုလ်( Union Biblical Seminary)မှ ချီးမြှင့်ခဲ့ပါတယ်။

DHL(Doctor of Humane Letters)ဘွဲ့ ပေးအပ်ရတဲ့ရည်ရွယ်ချက်မှာ လူမှုရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေမှာ ဦးဆောင်လုပ်ကိုင်နေသူတွေကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး ၂၀၀၈ခုနှစ်ထဲက စတင်ပေးအပ်ခဲ့တဲ့ ဒီဆုကို လက်ရှိအချိန်ထိ အယောက် ၃၀ ပေးအပ်ပြီးပြီလို့ သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဝေနှင်းထွဋ်