ဧဝံဂေလိရုပ်ရှင် | ဇာတ်လမ်းတို (၆) ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သက်ဝင်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသနည်း

  • 5 years ago
လူအများသည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို ယုံကြည်ခြင်းဖြစ်သည်ဟု လည်းကောင်း၊ သခင့်အတွက် ဒုက္ခသုခခံ၍ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း အစစ်အမှန်ဖြစ်သည်ဟု လည်းကောင်း ယုံကြည်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ခြင်းအစစ်အမှန်၏ အဓိပ္ပါယ်ကိုမူ စေ့စေ့စပ်စပ်နားလည်သူမှာ ဘာသာရေးလောကတွင် တစ်ယောက်မျှမရှိချေ။ အနန္တတန်ခိုးရှင်ဘုရားသခင်က မြွက်ဆိုထားသည်မှာ "ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင် ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါး ရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာ တည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်" ဟူ၍ဖြစ်သည်။" (နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာ၏။)


များပြားသောအကြံပြုချက်များ


https://my.kingdomsalvation.org/videos/where-is-my-home-movie.html


#ဘုရားကိုသိခြင်း, #ဘုရားသခင်၏နှုတ်ကပတ်တော်, #ဧဝံဂေလိတရား,
#သမ္မာတရား, #အသက်, #သက်သေခံချက်, #အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။