Gospel Documentary တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု မှတ်တမ်းများ (မကောင်းမှုကို ဖုံးကွယ်ခြင်း)

  • 5 years ago
တရုတ်ပြည်မကြီးတွင် ၁၉၄၉ ခုနှစ်ကတည်းက အာဏာရရှိလာခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိစီးနှိပ်စက်ခြင်းက သနားညှာတာမှု ကင်းမဲ့နေခဲ့သည်။ ၄င်းသည် ခရစ်ယာန်များကို ရမ်းကားကြမ်းတမ်းစွာ ဖမ်းဆီးနေခဲ့ပြီး သတ်ဖြတ်နေခဲ့သည်၊ တရုတ်ပြည်တွင် အလုပ်လုပ်နေသည့် သာသနာပြုများကို နှင်ထုတ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ မရေတွက်နိုင်သည့် သမ္မာကျမ်းစာအုပ် မိတ္တူများကို နိုင်ငံတော် ဘဏ္႑ာအဖြစ်သိမ်းယူခဲ့ပြီး ဖျက်စီးခဲ့သည်၊ အသင်းတော် အဆောက်အဦးများကို ချိတ်ပိတ်ခဲ့ပြီး ဖြိုချဖျက်စီးခဲ့သည့်အပြင်၊ အချည်းနှီးဖြစ်သည့် အိမ်အသင်းတော်များအားလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်အားထုတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ရဲတပ်ဖွဲ့က ရှေ့နောက်မညီ၊ မရေမရာထုတ်ပြန်ခဲ့တဲ့ သေဆုံးမှုပဲဖြစ်တဲ့ ဆောင်းရှောင်လန်လို့ အမည်ရတဲ့ တရုတ်ခရစ်ယာန်တစ်ယောက်ရဲ့ မမျှော်လင့်ဘဲ ရုတ်တရက်သေဆုံးမှုကို ဒီမှတ်တမ်းရုပ်ရှင်က သရုပ်ဖော်ထားပါတယ်။ စုံစမ်းစစ်ဆေးမှုအပြီးမှာ၊ ရဲတပ်ဖွဲ့ဟာ တစ်လျှောက်လုံးလိမ်ညာနေခဲ့တာကို ဆောင်းမိသားစုက သိရှိခဲ့ရတယ်။ ဆောင်းရှောင်လန်က ဘုရားသခင်ကို ယုံကြည်ပြီး သူ့တာဝန်ကို လုပ်ဆောင်နေတဲ့အတွက် တရုတ်ကွန်မြူနစ်ပါတီ ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်စောင့်ကြည့်ခြင်းကို ခံခဲ့ရတယ်ဆိုတာကို ဆောင်းမိသားစုရဲ့ဆွေမျိုးတစ်ယောက်က ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းမှာရှိတဲ့ အသိတစ်ယောက်ဆီကနေ သိခဲ့ရတယ်။ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးတဲ့အခါ အသေရိုက်သတ်ပစ်လိုက်ကြတယ်။ ရဲတပ်ဖွဲ့ဟာ အပြစ်မခံရဖို့အတွက် ဆောင်းရှောင်လန်သေဆုံးခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာကို အတုလုပ်ပြီး အမှန်တရားကို ဖုံးကွယ်ခဲ့ကြတယ်။

မြင်ကွင်းများ

https://my.kingdomsalvation.org/when-God-made-anew-heaven-earth.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended