ကျောက်ဖြူစီမံကိန်း မြန်မာအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရဟု ဆို (ရုပ်သံ)

  • 6 years ago
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော် စီပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။

သဘောတူညီချက် မူဘောင်အရ တရုတ်- မြန်မာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဖွဲ့စည်း ထားတဲ့ မြန်မာကုမ္ပဏီ အနေနဲ့ လုပ်ငန်းဆောင်ရွက်ခွင့် (Concession Rights) ပုံစံနဲ့ ရေနက်ဆိပ်ကမ်းကို တည်ဆောက်လည်ပတ်မှာ ဖြစ်ပြီး အစုရှယ်ယာ ပိုင်ဆိုင်မှုအနေနဲ့ တရုတ်ဖက် CITIC ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

စီမံကိန်းကို အဆင့် ၄ဆင့်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ဘီလီယံနဲ့ ရေနက်ဆိပ်ကမ်း ၂ခု စတင်တည်ဆောက်မှာဖြစ်ပါတယ်။