ကရင္ျပည္နယ္မွာ သဘာဝေဘးျဖစ္ပြားမႈနႈန္းျမင့္တက္လာေအာက္တိုဘာ - ၁၃ ၊၂၀၁၈ ကရင္ျပည္နယ္မွာ အခုႏွစ္အတြင္း သဘာဝေဘးအႏၱရာယ္ျဖစ္ပြားမႈနႈန္းျမင့္တက္လာတယ္လို႕ ကရင္ျပည္နယ္

  • 6 years ago
ကရင္ျပည္နယ္မွာ သဘာဝေဘးျဖစ္ပြားမႈနႈန္းျမင့္တက္လာ

ေအာက္တိုဘာ - ၁၃ ၊၂၀၁၈

ကရင္ျပည္နယ္မွာ အခုႏွစ္အတြင္း သဘာဝေဘးအႏၱရာယ္ျဖစ္ပြားမႈနႈန္းျမင့္တက္လာတယ္လို႕ ကရင္ျပည္နယ္ ရဲ႕ ေဘးအႏၱရာယ္ ဆိုင္ရာစီမံခန္႕ခြဲမႈ ဦးစီးဌာနက ဦးစီးမွဴး ဦးလင္းထြဋ္က ဆိုပါတယ္။

၂၀၁၈ ဧၿပီလကေန စက္တင္ဘာလအထိ ေျခာက္လတာကာလအတြင္းမွာ သဘာဝေဘးျဖစ္ပြားမႈဟာ အႀကိမ္ ၅၀ ရိွခဲ့ၿပီး ဒီအေရအတြက္ဟာ ယမန္နွစ္ကထက္ ပိုတိုးလာတာလို႕ ေျပာပါတယ္။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္နဲ႔ လႈိင္းဘြဲၿမိဳ႕နယ္ကေတာ့ သဘာ၀ေဘးဒဏ္ အမ်ားဆုံးခံေနရတဲ့ ျမိဳ႕နယ္ေတြျဖစ္တယ္လုိ႔ ဆိုပါတယ္။

ကရင္ျပည္နယ္မွာ ေျခာက္လတာ ကာလအတြင္း သဘာ၀ေဘးျဖစ္တဲ့ မီးေဘး ၆ ႀကိမ္ ၊ ေရေဘး ၃ ႀကိမ္ ေလေဘး ၂၉ ႀကိမ္၊ ေျမျပိဳမႈ ၅ ႀကိမ္ ၊ မိုးႀကိဳးေဘး ၂ ႀကိမ္ ၊ ကမ္းၿပိဳေဘး ၅ ႀကိမ္ စုစုေပါင္း အႀကိမ္ ၅၀ ျဖစ္ပြားခဲ့ပါတယ္။

အဲဒီေဘးေတြေၾကာင့္ အိမ္ေထာင္စုေပါင္း ေျခာက္ေထာင္ေက်ာ္နဲ႔ လူဦးေရ ေလးေသာင္းေက်ာ္ ေရႊ႕ေျပာင္းေနထုိင္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ဇူလုိင္လကုန္ပိုင္းကလည္း ကရင္ျပည္နယ္မွာ ေရႀကီးေရလွ်ံမႈျဖစ္ပြားစဥ္ကာလတုန္းက လူ ၂၀ ေက်ာ္ ေသဆုံးမႈျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး

(Unicode)

ကရင်ပြည်နယ်မှာ သဘာဝဘေးဖြစ်ပွားမှုနှုန်းမြင့်တက်လာ

အောက်တိုဘာ - ၁၃ ၊၂၀၁၈

ကရင်ပြည်နယ်မှာ အခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှုန်းမြင့်တက်လာတယ်လို့ ကရင်ပြည်နယ် ရဲ့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးမှူး ဦးလင်းထွဋ်က ဆိုပါတယ်။

၂၀၁၈ ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်းမှာ သဘာဝဘေးဖြစ်ပွားမှုဟာ အကြိမ် ၅၀ ရှိခဲ့ပြီး ဒီအရေအတွက်ဟာ ယမန်နှစ်ကထက် ပိုတိုးလာတာလို့ ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်ကတော့ သဘာဝဘေးဒဏ် အများဆုံးခံနေရတဲ့ မြို့နယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်မှာ ခြောက်လတာ ကာလအတွင်း သဘာဝဘေးဖြစ်တဲ့ မီးဘေး ၆ ကြိမ် ၊ ရေဘေး ၃ ကြိမ် လေဘေး ၂၉ ကြိမ်၊ မြေပြိုမှု ၅ ကြိမ် ၊ မိုးကြိုးဘေး ၂ ကြိမ် ၊ ကမ်းပြိုဘေး ၅ ကြိမ် စုစုပေါင်း အကြိမ် ၅၀ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဘေးတွေကြောင့် အိမ်ထောင်စုပေါင်း ခြောက်ထောင်ကျော်နဲ့ လူဦးရေ လေးသောင်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကလည်း ကရင်ပြည်နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားစဉ်ကာလတုန်းက လူ ၂၀ ကျော် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Recommended