ပလပ်စတစ်စက်ရုံမှာ မီးလောင်မှုဖြစ်ပွား အောက်တိုဘာ-၇၊၂၀၁၈လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်မှာရှိတဲ့ Seven Star ပလပ်စတစ်ပစ္စည်းစက်ရုံမှာ ဒီကနေ့မနက်ပိုင်းက မီး

  • 6 years ago
ပလပ်စတစ်စက်ရုံမှာ မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ-၇၊၂၀၁၈
လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်မှာရှိတဲ့ Seven Star ပလပ်စတစ်ပစ္စည်းစက်ရုံမှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၇ နာရီခွဲအချိန်က စက်ရုံရဲ့အတွင်းပိုင်းကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၈ နာရီ ၄၇ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးကဆိုပါတယ်။

အဲဒီစက်ရုံမီးလောင်မှုကို မီးသတ်ယာဉ် ၄၃ စီး ကွပ်ကဲရေးယာဉ် ၈ စီး အထောက်အကူပြုယာဉ် ၁၁ စီး ရေသယ်ယာဉ် ၁၈စီး မီးသတ်အင်အား စုစုပေါင်း ၆၀၀ ပါဝင်ငြိမ်းသတ်ခဲ့ပါတယ်။

မီးလောင်ရခြင်းအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး