နိုင်ငံတကာ အဆင့်မြင့်ပညာရေး ပြပွဲ (International Education Exhibition 2018)-------------------နှစ်စဉ် ပြုလုပ်နေကျ နိုင်ငံတကာ အဆင့်မြင့်ပညာရေး ပြပွဲ (Internati

  • 6 years ago
နိုင်ငံတကာ အဆင့်မြင့်ပညာရေး ပြပွဲ (International Education Exhibition 2018)
-------------------
နှစ်စဉ် ပြုလုပ်နေကျ နိုင်ငံတကာ အဆင့်မြင့်ပညာရေး ပြပွဲ (International Education Exhibition 2018) ကို အောက်တိုဘာ (၇) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ NOVOTEL ဟိုတယ်၊ Level 4 ရှိ Eureka ခန်းမတွင် နေ့လည် (၁) နာရီ မှ ညနေ(၄) နာရီ အချိန်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားရန် ရည်ရွယ်ထားသည့် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ ၊ iGCSE ဖြေဆိုထားသူများ ၊ SAT (သို့) IB တက်ရောက်ထားသူများ ၊ HND Diploma ရရှိထားသူများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ၄င်းတို့၏ မိဘများ လာရောက် လေ့လာနိုင်ကြမည်ဖြစ်ပြီး ထိပ်တန်းတက္ကသိုလ်များ မှ ပညာရေး အတိုင်ပင်ခံများနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်မည် ဖြစ်သည်။

IEE2018 ပညာရေးပြပွဲသို့ လာရောက်လေ့လာမည့် ကျောင်းသား/သူများအနေဖြင့် ဖေ့ဘုတ် လူမှုကွန်ယက်ပေါ်ရှိ တွင် စာရင်းပေးသွင်းနိုင်ပြီး ပါဝင်ပြသမည့် တက္ကသိုလ်များအကြောင်းကို လေ့လာနိုင်မည် ဖြစ်သည်။

ပညာရေးပြပွဲလာရောက်သူများသည် AT&S (နိုင်ငံတကာ တက္ကသိုလ် ပညာရေး ၀န်ဆောင်မှု ကုမ္ပဏီ) အဆောင် (၅) ၊ အခန်း (၄) ၊ MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း - ၀၁ ၆၅၂၃၂၀ ၊ ၀၉ ၇၇၇ ၂၂၃ ၂၂၅ သို့ စာရင်းပေးသွင်းခြင်းဖြင့် အမှတ်တရလက်ဆောင် ပစ္စည်းများကို ပြပွဲတွင် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ယင်းပညာရေးပြပွဲတွင် နိုင်ငံတကာတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ယူရာတွင် အရေးပါသည့် IELTS ရမှတ်ပေါ်မူတည်၍ စကော်လားရှစ် လျောက်ထားနိုင်သည့် တက္ကသိုလ် ၀င်ခွင့်များအကြောင်း ၊ HND တက်ထားပြီးခဲ့ပါက ဦးစားပေးလျောက်ထား သင့်သည့် တက္ကသိုလ်များ အကြောင်း အစရှိသည်တို့အပြင် မာစတာတန်းကို တက်ရောက်နိုင်ရန် လိုအပ်သည့် ပညာရေး အချက်အလက်များ၊ နိုင်ငံတကာကျောင်းများ၏ စကောလား စနစ်များအကြောင်းတို့ကိုလည်း အသေးစိတ် အခမဲ့ ဆွေးနွေး မေးမြန်းနိုင်ကြမည်ဖြစ်သည်။