ပြစ်​ဒဏ်​မှ လွတ်​​မြောက်​လာ​သော ​မြောက်​ဦး လူငယ်​ ၈ ဦး ထပ်​မံဖမ်းဆီးခံရ (ရုပ်/သံ)ဧရာဝတီ ၊ စက်တင်ဘာ ၂၅ ၊ ၂၀၁၈​မြောက်​ဦး အဓိကရုဏ်း ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြ

  • 6 years ago
ပြစ်​ဒဏ်​မှ လွတ်​​မြောက်​လာ​သော ​မြောက်​ဦး လူငယ်​ ၈ ဦး ထပ်​မံဖမ်းဆီးခံရ (ရုပ်/သံ)

ဧရာဝတီ ၊ စက်တင်ဘာ ၂၅ ၊ ၂၀၁၈

မြောက်​ဦး အဓိကရုဏ်း ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ဖမ်းဆီးတရားစွဲခံနေရသော လူငယ်​များကို စက်​တင်​ဘာလ ၂၄ ရက်​​နေ့က စစ်​​တွေမြို့နယ်​တရားရုံးမှ ​ထောင်​ဒဏ်​ ၈ လ ချမှတ်​ခဲ့သည်​။ အဆိုပါ လူငယ်​များသည်​ ဖမ်းဆီးချုပ်​​နှောင်​ခြင်းခံရသည်​မှာ ၈ လ​ကျော်​ရှိပြီ ဖြစ်၍ အကျဉ်း​ထောင်​မှ ယမန်နေ့ကပင်​ လွတ်​​မြောက်​ခွင့်​ရရှိခဲ့သည်​။

သို့​သော်​လည်း ၎င်းတို့အား ​နောက်​ထပ်​ မြန်​မာနိုင်​ငံအလံ ဥပ​ဒေ ပုဒ်​မ၁၆ ဖြင့်​ ထပ်မံအမှုဖွင့်​ကာ ဖမ်းဆီးပြန်သည်​။ ယင်းကိစ္စနှင့် ပတ်သတ်၍ ​ရခိုင်​အမျိုးသားပါတီ (ANP)က ယမန့်​​နေည ၁၀ နာရီ​ကျော်​အချိန်​တွင်​ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်​ခဲ့သည်​ ။

ရိုက်ကူး- မင်းအောင်ခိုင်

Recommended