လက်ဝတ်ရတနာတွေပြည်ပကို တင်ပို့နိုင်မယ့် စင်တာဖွင့်ပြီစက်တင်ဘာ- ၂၄၊ ၂၀၁၈ရွှေ နဲ့ လက်ဝတ်ရတနာတွေ ပြည်ပကို တင်ပို့တာ ပဲဖြစ်စြဖ် ပြည်ပကနေ တင်သွင်းတာပဲ ဖြစ်ဖြစ် လို

  • 6 years ago
လက်ဝတ်ရတနာတွေပြည်ပကို တင်ပို့နိုင်မယ့် စင်တာဖွင့်ပြီ

စက်တင်ဘာ- ၂၄၊ ၂၀၁၈

ရွှေ နဲ့ လက်ဝတ်ရတနာတွေ ပြည်ပကို တင်ပို့တာ ပဲဖြစ်စြဖ် ပြည်ပကနေ တင်သွင်းတာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာကို တစ်နေရာ ထဲ ဆောင်ရွက်ပေးနိုင်မယ့် One Stop Service Center ကို ပြည်သူ့ဥယျာဉ်က Culture Valley မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါပြီ ။

ကနဦးက စက်တင်ဘာလ ၃ ရက်မှာ ဖွင့်လှစ်နိုင်ဖို့ရည်ရွယ်ခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေသေးတာကြောင့် ဒီကနေ့မှ ဖွင့်နိုင်တာလို့ သိရပါတယ်။

ဒီလို One Stop Service Center ဖွင့်လှစ်လိုက်တာ မြန်မာနိုင်ငံမှာ တရားဝင် ရွှေဈေးကွက် တစ်ခု ဖြစ်ပေါ်လာဖို့ မျှော်မှန်းတာဖြစ်ပြီး ဒေါ်လာဈေးနဲ့ ရွှေဈေး ကို စနစ်တကျ ဖြစ်စေမှာဖြစ်တယ်လို့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖွင့်ပွဲမှာ ပြောလိုက်ပါတယ်။

ဒါအပြင် One Stop Service Center ဖွင့်တာဟာ မြန်မာ့ရွှေဈေးကွက်နဲ့ ကမ္ဘာ့ရွှေဈေးကွက်ကို ချိတ်ဆက် နိုင်ဖို့ လည်းဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရျင်းများအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောပါသေးတယ်။

One Stop Service Center မှာတော့ အကောက်ခွန်ဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဌာန အပါအဝင် အခြား အဖွဲ့အစည်းတွေကလည်း တနေရာထဲမှာ ရှိနေမှာ ဖြစ်ပြီး ပြည်ပနေ တင်သွင်းတာပဲဖြစ်ဖြစ် ပြည်ပကိုတင်ပို့လိုတဲ့သူဖြစ်ဖြစ် လိုအပ်တဲ့ အချက်အလက်တွေကို တနေရာထဲ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေနဲ့ လက်ဝတ်ရတနာတွေ ပြည်ပသယ်ယူတင်ပို့မှုကို အခုနှစ် ဇန်န၀ါရီလမှာ ပထမဆုံး အကြိမ် တရားဝင်ခွင့်ပြုခဲ့ပြီးနောက် အခုလို လုပ်ငန်းတနေရာထဲ အပြီး ဆောင်ရွက်နိုင်ဖို့ OSSC ကို လုပ်ဆောင်သွားမယ့် အကြောင်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သြဂုတ်လက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွှေကို တင်သွင်း၊ တင်ပို့ရာမှာ ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ်ဂိတ်တွေကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်ပစ္စည်းခွန်တွေကို ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ