ျမန္မာစာေပတိုးတက္ဖို့ ဘာေတြလိုေနတာလဲစက္တင္ဘာ၂၃။ ၂၀၁၈ျမန္မာစာေပေတြ ၀တၳဳေတြ ဖြံ႔ျဖိဳးတုိးတက္ဖုိ႔အတြက္ စာေပေတြကို တည္းျဖတ္ႏုိင္တဲ့ အယ္ဒီတာေတြ လုိအပ္ေနတယ္လုိ႔ Y

  • 6 years ago
ျမန္မာစာေပတိုးတက္ဖို့ ဘာေတြလိုေနတာလဲ

စက္တင္ဘာ၂၃။ ၂၀၁၈

ျမန္မာစာေပေတြ ၀တၳဳေတြ ဖြံ႔ျဖိဳးတုိးတက္ဖုိ႔အတြက္ စာေပေတြကို တည္းျဖတ္ႏုိင္တဲ့ အယ္ဒီတာေတြ လုိအပ္ေနတယ္လုိ႔ Yangon Book Plaza တည္ေထာင္သူ ေျမမႈန္လြင္ကေျပာပါတယ္။

ထြက္ရွိလာမယ့္စာအုပ္ေတြကို တည္းျဖတ္ေပးမယ့္ အယ္ဒီတာမရွိရင္ ဖတ္ရႈေနရတဲ့စာေတြဟာ မလိုအပ္ပဲေဖာင္းပြေနျပီး လိုအပ္ေနတာေတြ ေလ်ာ့နည္းေနတာမ်ဳိးေတြ ရွိနိုင္တယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ စာေပေတြကုိေ၀ဖန္ေထာက္ျပမယ့္ ေ၀ဖန္ေရးအဖြဲ႔ေတြ ျမန္မာစာေပ ၀တၳဳေတြဖြ႔ံျဖိဳးတုိးတက္လာဖုိ႔အတြက္ အစိုးရနဲ႔ ပညာရွင္ေတြပါ၀င္တဲ့အဖြဲ႔ေတြပါ၀င္ျပီး စာအုပ္ေကာင္စီလုိအဖြဲ႔ ဖြဲ႔ေပးဖုိ႔လုိအပ္ျပီး ေငြေရးေၾကးေရးပိုင္းကိုလည္း ေထာက္ပ့ံေပးဖုိ႔လုိအပ္တယ္လုိ႔ဆုိပါတယ္။

ဒီကေန႔ ေဆြးေႏြးပြဲမွာ ပါ၀င္ေဆြးေႏြးသြားတဲ့ စာေရးဆရာမေခ်ာအိမန္ကလည္း ခုလုိပဲဆုိပါတယ္။

ေခတ္ျပိဳင္ျမန္မာ၀တၳဳရွည္မ်ားဆုိတဲ့ စာေပစကား၀ုိင္းေဆြးေႏြးပြဲတစ္ခုကို ဒီကေန႔ Yangon Book Plaza မွာ က်င္းပခဲ့တာပါ။

ဒီေဆြးေႏြးပြဲမွာ စာေရးဆရာမ်ားျဖစ္ၾကတဲ့ စမ္းစမ္းႏြဲ႔ (သာယာ၀တီ) ေခ်ာအိမာန္ စံပယ္ျဖဴႏု ျဗိတိသွ်ကိုကုိေမာင္နဲ႔ Yangon Book Plaza တည္ေထာင္ထူ ေျမမႈန္လြင္တုိ႔ ပါ၀င္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး

(Unicode)

မြန်မာစာပေတိုးတက်ဖို့ ဘာတွေလိုနေတာလဲ

စက်တင်ဘာ၂၃။ ၂၀၁၈

မြန်မာစာပေတွေ ဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာပေတွေကို တည်းဖြတ်နိုင်တဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ Yangon Book Plaza တည်ထောင်သူ မြေမှုန်လွင်ကပြောပါတယ်။

ထွက်ရှိလာမယ့်စာအုပ်တွေကို တည်းဖြတ်ပေးမယ့် အယ်ဒီတာမရှိရင် ဖတ်ရှုနေရတဲ့စာတွေဟာ မလိုအပ်ပဲဖောင်းပွနေပြီး လိုအပ်နေတာတွေ လျော့နည်းနေတာမျိုးတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စာပေတွေကိုဝေဖန်ထောက်ပြမယ့် ဝေဖန်ရေးအဖွဲ့တွေ မြန်မာစာပေ ဝတ္ထုတွေဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အစိုးရနဲ့ ပညာရှင်တွေပါဝင်တဲ့အဖွဲ့တွေပါဝင်ပြီး စာအုပ်ကောင်စီလိုအဖွဲ့ ဖွဲ့ပေးဖို့လိုအပ်ပြီး ငွေရေးကြေးရေးပိုင်းကိုလည်း ထောက်ပံ့ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားတဲ့ စာရေးဆရာမချောအိမန်ကလည်း ခုလိုပဲဆိုပါတယ်။

ခေတ်ပြိုင်မြန်မာဝတ္ထုရှည်များဆိုတဲ့ စာပေစကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ Yangon Book Plaza မှာ ကျင်းပခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ စာရေးဆရာများဖြစ်ကြတဲ့ စမ်းစမ်းနွဲ့ (သာယာဝတီ) ချောအိမာန် စံပယ်ဖြူနု ဗြိတိသျှကိုကိုမောင်နဲ့ Yangon Book Plaza တည်ထောင်ထူ မြေမှုန်လွင်တို့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး