ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ ဒီနေ့စတင်စက်တင်ဘာ-၃၊၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီကတာဝန်ရှိသူတွေရဲ့ မဲဆွယ်စည်းရုံးဟေြာေ

  • 6 years ago
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ ဒီနေ့စတင်

စက်တင်ဘာ-၃၊၂၀၁၈
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီကတာဝန်ရှိသူတွေရဲ့ မဲဆွယ်စည်းရုံးဟောပြောမှုကို နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့ကနေ ဒီနေ့မှာစတင်ထုတ်လွှင့်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ည၈နာရီသတင်းအပြီးမှာ ထုတ်လွှင့်မှာဖြစ်ပြီး တစ်နေ့ကို ပါတီတစ်ခုစီက ၁၅မိနစ်ခန့်ဟောပြောစည်းရုံးခွင့်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီနေ့မနက်၆နာရီကစပြီး နိုဝင်ဘာ၁ရက်နေ့ ည၁၂နာရီထိ မဲဆွယ်စည်းရုံးခွင့်ရရှိမှာပါ။
မဲဆွယ်စည်းရုံးရာမှာလည်း ဥပဒေနဲ့အညီဆောင်ရွက်ဖို့ ဦးမြင့်နိုင်ကအခုလိုပြောပါတယ်။

ရုပ်မြင်သံကြားနဲ့ရေဒီယိုကနေ မဲဆွယ်စည်းရုံးမှု ထုတ်လွှင့်တာကို စက်တင်ဘာ၃ရက်ကနေ ၂၆ရက်နေ့အထိတစ်ကြိမ်၊ အောက်တိုဘာ၉ရက်ကနေ နိုဝင်ဘာ၁ရက်နေ့ထိ တစ်ကြိမ် ထုတ်လွှင့်မှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံပိုင်သတင်းစာတွေမှာ အဲဒီ့ဟောပြောတာတွေကို ဖော်ပြပေးသွားမယ်လို့သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ၂၄ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်းကိုယ်စားလှယ်လောင်း၆၉ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
လစ်လပ်မဲဆန္ဒနယ်၁၃နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ၃ရက်မှာ ကျင်းပမှာြ ဖစ်ပါတယ်။
ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်