ထိုင္းေက်ာက္ဂူ ကယ္ဆယ္ေရး ေအာင္ျမင္မႈ ဂုဏ္ျပဳ ညစာစားပြဲ က်င္းပစက္တင္ဘာ - ၇ ၊၂၀၁၈ ေက်ာက္ဂူထဲမွာ ပိတ္မိခဲ့တဲ့ လူငယ္ ေဘာလံုးအသင္းကို ေအာင္ေအာင္ျမင္ျမင္ ကယ္ဆယ္ႏု

  • 6 years ago
ထိုင္းေက်ာက္ဂူ ကယ္ဆယ္ေရး ေအာင္ျမင္မႈ ဂုဏ္ျပဳ ညစာစားပြဲ က်င္းပ

စက္တင္ဘာ - ၇ ၊၂၀၁၈

ေက်ာက္ဂူထဲမွာ ပိတ္မိခဲ့တဲ့ လူငယ္ ေဘာလံုးအသင္းကို ေအာင္ေအာင္ျမင္ျမင္ ကယ္ဆယ္ႏုိင္ခဲ့တဲ့ ဂုဏ္ျပဳ အထိမ္းအမွတ္ ညစာစားပြဲ တစ္ခုကို ထုိင္းႏုိင္ငံမွာ က်င္းပခဲ့ပါတယ္။

စက္တင္ဘာ ၆ ရက္က ဘန္ေကာက္မွာ က်င္းပတဲ့ အခမ္းအနားကို ေတာဝက္႐ိုင္း ေဘာလံုးအသင္းက လူငယ္ ၁၂ ဦး တက္ေရာက္ခဲ့ၾကသလို ကယ္ဆယ္ေရး အဖြဲ႕ဝင္ေတြလည္း ပါဝင္ ဆင္ႏႊဲခဲ့ၾကပါတယ္။ ၿပီးေတာ့ ထိုင္းဝန္ႀကီးခ်ဳပ္ ပယာရြတ္သ္ ခ်န္အိုခ်ာကိုယ္တိုင္ ေရာက္ရွိလာၿပီး လူငယ္ေတြနဲ႔ ကယ္ဆယ္ေရး အဖြဲ႕သားေတြကို လုိက္လံႏႈတ္ဆက္ၿပီး ခ်ီးက်ဴးစကား ေျပာဆိုခဲ့ပါတယ္။

ကယ္ဆယ္ေရး အဖြဲ႕ဝင္ ႏုိင္ငံျခားသား ေရငုပ္သမားေတြ၊ ေက်ာက္ဂူ ဖြဲ႕စည္းပံုဆုိင္ရာ ပညာရွင္ေတြပါ တက္ေရာက္ခဲ့တဲ့ ညစာစားပြဲမွာ ဧည့္ပရိသတ္ တစ္ေသာင္းေလာက္ ရွိခဲ့ပါတယ္။

(Unicode)

ထိုင်းကျောက်ဂူ ကယ်ဆယ်ရေး အောင်မြင်မှု ဂုဏ်ပြု ညစာစားပွဲ ကျင်းပ

စက်တင်ဘာ - ၇ ၊၂၀၁၈

ကျောက်ဂူထဲမှာ ပိတ်မိခဲ့တဲ့ လူငယ် ဘောလုံးအသင်းကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့တဲ့ ဂုဏ်ပြု အထိမ်းအမှတ် ညစာစားပွဲ တစ်ခုကို ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက်က ဘန်ကောက်မှာ ကျင်းပတဲ့ အခမ်းအနားကို တောဝက်ရိုင်း ဘောလုံးအသင်းက လူငယ် ၁၂ ဦး တက်ရောက်ခဲ့ကြသလို ကယ်ဆယ်ရေး အဖွဲ့ဝင်တွေလည်း ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ပြီးတော့ ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကိုယ်တိုင် ရောက်ရှိလာပြီး လူငယ်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့သားတွေကို လိုက်လံနှုတ်ဆက်ပြီး ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့ဝင် နိုင်ငံခြားသား ရေငုပ်သမားတွေ၊ ကျောက်ဂူ ဖွဲ့စည်းပုံဆိုင်ရာ ပညာရှင်တွေပါ တက်ရောက်ခဲ့တဲ့ ညစာစားပွဲမှာ ဧည့်ပရိသတ် တစ်သောင်းလောက် ရှိခဲ့ပါတယ်။

Category

😹
Fun

Recommended