• 7 years ago

သြဂုတ် - ၂၈၊၂၀၁၈







( Unicode)

သားလေးကို ဆရာကြီး လို့ နာမည်ပေးထားတဲ့ မြင့်မြတ်

သြဂုတ် - ၂၈၊၂၀၁၈

မြင့်မြတ်ရဲ့သားလေးကို ချစ်တဲ့ပရိသတ်တွေက ဂျင်းကောင်လေးလို့ နာမည်ပေးထားပါတယ်။

မြင့်မြတ်ကတော့သားလေးကို အခုချိန်ထိ နာမည်မပေးရသေးဘဲ နာမည်စဉ်းစားရတာခက်ခဲတယ်လို့ ဆိုလာပါတယ်။

သားလေးမမွေးခင်ကတည်းက မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကိုခံရသလို သားလေးမွေးတဲ့နေ့မှာလည်း သားအကြောင်းကိုပဲ ဖြေပေးရတဲ့အတွက် သားလေးဟာ သူ့ထက်ဆရာကျတယ်လို့လည်း မြင့်မြတ်ကပြောပါတယ်။

သားလေးကို အချိန်ပြည့်ဂရုစိုက်နေပြီး နာမည်မမှည့်ရသေးလို့ ဆရာပြီးလို့ စနောက်ပြီး နာမည်ပြောင်ခေါ်နေတယ်လို့ မြင့်မြတ်ကပြောပါတယ်။

မြင့်မြတ်ကတော့ သားလေးအတွက်အများကြီးမျှော်လင့်ထားသလို သားလေးဟာ အခုချိန်မှာ သူ့အတွက် အမောပြေဆုံးလို့ ဆိုလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

😹
Fun

Recommended