မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း နှင့်ရွာလယ်လမ်းအနီးတွင် သြဂုတ်လ ၁၃ ရက်နေ့လည် ၁၂ နာရီခန့်က သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါပစ်ခတ်မှုတွင် ဆိ

  • 6 years ago
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း နှင့်ရွာလယ်လမ်းအနီးတွင် သြဂုတ်လ ၁၃ ရက်နေ့လည် ၁၂ နာရီခန့်က သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါပစ်ခတ်မှုတွင် ဆိုင်ကယ်မောင်းနှင်လာသည့် လင်မယားနှစ်ယောက်အား လူနှစ်ဦးက ဆိုင်ကယ်ဖြင့်လာရောက်၍ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ရာအမျိးသမီးမှာ သေဆုံးကြောင်းသိရသည်။သေနတ်ဖြင့်ပစ်ခတ်ခဲ့သူတစ်ဦးကို ရပ်ကွက်သူ ရပ်ကွက်သားများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။

ဖမ်းဆီးရမိသူတစ်ဦးကို အောင်ပင်ရဲစခန်းတွင် စစ်ဆေးနေရာမှ ညနေ ၄ နာရီတွင် တိုင်းရဲတပ်ဖွဲ့ခေါ်ဆောင် စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။ စစ်နေမှုများနှင့်လတ်တလောဖြစ်စဉ်ကို မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က မဖြေကြားနိုင်သေးကြောင်းဆိုသည်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)"