• 6 years ago
အလင္းေရာင္ေျပာျပတဲ့ "ဣတၳိယ"အေၾကာင္း

ၾသဂုတ္ - ၁၃၊၂၀၁၈

ဟာသသရုပ္ေဆာင္မလုပ္ဖူးတဲ့အတြက္ "ဣတၳိယ"ရုပ္ရွင္ ဇာတ္ကားနဲ႔ပတ္သက္ျပီး အနည္းငယ္စိုးရိမ္မႈရွိတယ္လုိ႔ သရုပ္ေဆာင္အလင္းေရာင္က ဖြင့္ဟလာပါတယ္။

"ဣတၳိယ"ရုပ္ရွင္ဟာ ေယာက်ၤားေတြမရွိသေလာက္ရွားတဲ့ ရြာမွာေနထုိင္တဲ့ လံုးၾကီးတင္၊ဆံခတ္၊ေသးေသးတင္တို႔ညီအစ္မသံုးေယာက္ရဲ႕အေၾကာင္းကို ဇာတ္အိမ္တည္ျပီး ဟာသအျဖစ္ ရိုက္ကူးထားတာျဖစ္ပါတယ္။

ဟာသသရုပ္ေဆာင္ရတာ အေတြ႔အၾကံဳနည္းတဲ့သူ႔အေနနဲ႔ အကယ္ဒမီစိုးျမတ္သူဇာ၊ အကယ္ဒမီခုိင္သင္းၾကည္၊အကယ္ဒမီေဖြးေဖြးတို႔နဲ႔ တြဲဖက္သရုပ္ေဆာင္ရတဲ့အတြက္ တခ်ိဳ႕အခန္းေတြမွာ အဆင္ေျပမႈေတြ ရွိခဲ့တယ္လို႔ အလင္းေရာင္ကေျပာပါတယ္။

အဲ့ဒါေၾကာင့္ အလင္းေရာင္အေနနဲ႔ တခ်ိဳ႕ဟာသသရုပ္ေဆာင္မႈနဲ႔ပတ္သက္ျပီး လိုအပ္ခဲ့တာေတြရွိခဲ့ရင္ နားလည္ေပးဖို႔ကိုလည္း ဆိုလာပါတယ္။

"ဣတၳိယ"ဟာ ရံုမတင္ခင္ကတည္းက ဇာတ္ကားနမူနာၾကည့္ရႈသူ ေလးသန္းေက်ာ္ရွိခဲ့ျပီး လက္ရွိရံုတင္တဲ့အခ်ိန္မွာလည္း ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေကာင္းေတြရရွိေနတဲ့ ဟာသကားတစ္ကားျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

အလင်းရောင်ပြောပြတဲ့ "ဣတ္ထိယ"အကြောင်း

သြဂုတ် - ၁၃၊၂၀၁၈

ဟာသသရုပ်ဆောင်မလုပ်ဖူးတဲ့အတွက် "ဣတ္ထိယ"ရုပ်ရှင် ဇာတ်ကားနဲ့ပတ်သက်ပြီး အနည်းငယ်စိုးရိမ်မှုရှိတယ်လို့ သရုပ်ဆောင်အလင်းရောင်က ဖွင့်ဟလာပါတယ်။

"ဣတ္ထိယ"ရုပ်ရှင်ဟာ ယောင်္ကျားတွေမရှိသလောက်ရှားတဲ့ ရွာမှာနေထိုင်တဲ့ လုံးကြီးတင်၊ဆံခတ်၊သေးသေးတင်တို့ညီအစ်မသုံးယောက်ရဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ဟာသအဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။

ဟာသသရုပ်ဆောင်ရတာ အတွေ့အကြုံနည်းတဲ့သူ့အနေနဲ့ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခိုင်သင်းကြည်၊အကယ်ဒမီဖွေးဖွေးတို့နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အတွက် တချို့အခန်းတွေမှာ အဆင်ပြေမှုတွေ ရှိခဲ့တယ်လို့ အလင်းရောင်ကပြောပါတယ်။

အဲ့ဒါကြောင့် အလင်းရောင်အနေနဲ့ တချို့ဟာသသရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး လိုအပ်ခဲ့တာတွေရှိခဲ့ရင် နားလည်ပေးဖို့ကိုလည်း ဆိုလာပါတယ်။

"ဣတ္ထိယ"ဟာ ရုံမတင်ခင်ကတည်းက ဇာတ်ကားနမူနာကြည့်ရှုသူ လေးသန်းကျော်ရှိခဲ့ပြီး လက်ရှိရုံတင်တဲ့အချိန်မှာလည်း ပရိသတ်တွေရဲ့ မှတ်ချက်ကောင်းတွေရရှိနေတဲ့ ဟာသကားတစ်ကားဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

😹
Fun

Recommended