တစ်မိနစ်တာ အားကစားသတင်း အတိုအထွာဘာစီလိုနာ နောက်ခံဘယ်စွန်လူ လူးကပ် ဒီညေး Lucas Digne ကို အဲဗာတန်က ပေါင် ၁၈ သန်း ပေးပြီး ၅ နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ပြီ

  • 6 years ago
တစ်မိနစ်တာ အားကစားသတင်း အတိုအထွာ

ဘာစီလိုနာ နောက်ခံဘယ်စွန်လူ လူးကပ် ဒီညေး Lucas Digne ကို အဲဗာတန်က ပေါင် ၁၈ သန်း ပေးပြီး ၅ နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလားမှာ အကောင်းဆုံး အားကစားသမား ရွှေဘောလုံးဆုရှင် လူကာ မောဒရစ်ခ်ျကို လက်ရှိ အသင်း ရီးရဲလ်ကနေ အင်တာမီလန်က ခေါ်ယူ လိုနေပါတယ်။
မောဒရစ်ခ်ျဟာ အသင်းရဲ့ အမေရိကန် ခရီးစဉ်မှာ မပါဝင်ပဲ အီတလီမှာ အနားယူ အပန်းဖြေ နေပါတယ်။

အမေရိကန်နိုင်ငံမှာ ပြုလုပ်နေတဲ့ နိုင်ငံတကာ ချန်ပီယံများ ဖလား ဘောလုံးပွဲစဉ်တွေမှာ တော်တင်ဟမ်က အေစီမီလန်ကို တစ်ဂိုး သုည၊ မန်ချက်စတာ ယူနိုက်တက်က ရီးရဲလ် မက်ဒရစ်ကို နှစ်ဂိုးတစ်ဂိုးတို့နဲ့ အသီးသီး နိုင်ပါတယ်။

စပါးစ်အတွက် အနိုင်ဂိုးကို ပြင်သစ် တောင်ပံကစားသမား ဂျော့ခ်ျ ကယ်ဗင် အဲန်ကူဒူးက သွင်းပေးခဲ့တာပါ။

စပါးစ်ဟာ ပရီမီယားလိဂ် ပထမဆုံးပွဲ အနေနဲ့ ဒီလ ၁၁ ရက်နေ့ကျရင် နယူးကာဆယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းအတွက် ဂိုးတွေကိုတော့ Alexis Sanchez နဲ့ Ander Herrera တို့က သွင်းခဲ့ပါတယ်။

ပြင်သစ် ရှေ့တန်း မာရှယ် ယူနိုက်အသင်းမှာ မပါဝင် ဖြစ်နေတာနဲ့ ပတ်သက်ပြီး မန်နေဂျာ မော်ရင်ညိုက မာရှယ် အသင်းကို ဘယ်တော့ ပြန်လာမလဲ ဆိုတာ သူမသိဘူး ဆိုပြီး ပြောပါတယ်။

နော်ဝေအသင်း ရိုဇင်ဘော့ဂ်နဲ့ စကော့အသင်း ဆဲလ်တစ်တို့ ကစားကြမယ့် ပွဲ အပါအဝင် ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့် ခြေစစ်ပွဲ ၉ ပွဲ ဒီနေ့ ကစားကြဖို့ ရှိပါတယ်။ #ဘီဘီစီမြန်မာပိုင်း

Recommended