တိုင်းပြည် စီးပွားရေးမှာ ကြွေးပြန်ဆပ်ပြီး နလန်ထူဖို့ NLD ကြိုးစားနေရ (ရုပ်/သံ)ဧရာဝတီ ၊ ဇူလိုင် ၂၉ ၊ ၂၀၁၈တိုင်းပြည်၏ စီးပွားရေး အခြေအနေမှာ ကြွေးနွံနစ်နေသူတယေ

  • 6 years ago
တိုင်းပြည် စီးပွားရေးမှာ ကြွေးပြန်ဆပ်ပြီး နလန်ထူဖို့ NLD ကြိုးစားနေရ (ရုပ်/သံ)

ဧရာဝတီ ၊ ဇူလိုင် ၂၉ ၊ ၂၀၁၈

တိုင်းပြည်၏ စီးပွားရေး အခြေအနေမှာ ကြွေးနွံနစ်နေသူတယောက် ကြွေးပြန်ဆပ်ရင်း နလန်ထူနိုင်ရန် ကြိုးစားနေရသည့် အခြေအနေမျိုး ဖြစ်၍ ပြောင်ပြောင်ရောင်ရောင် မဖြစ်လာနိုင်သေးကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ပြောသည်။

သို့ပေမယ့် အစိုးရသက်တမ်း ကျန်ရှိသည့် ကာလအတွင်းမှာတော့ ပြည်သူများ၏ လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံ၏ ကြွေးမြီ ဝန်ထုတ်ဝန်ပိုး၊ နိုင်ငံသား တဦးချင်း၏ ကုန်ထုတ်လုပ်မှု စသည့် အခြေအနေများ အကုန်လုံးခြုံကြည့်ပါက အလားအလာကောင်းများ ရှိနေကြောင်းလည်း ၄င်းက ဆိုပါတယ်။

“ကျနော်တို့ဟာ မိမိ အလေ့အကျင့် မရှိတဲ့ အလုပ်ကိုလည်း လုပ်ရ တယ်။ အခက်အခဲတွေလည်း အများကြီးကို ရှိပါတယ်။ တကယ်တန်း ပုံမှန်ရှိရမယ့် အခက်အခဲထက်ကို အခက်အခဲတွေက များနေပါ တယ်။ အဲဒီအခက်အခဲတွေ များနေတာအတွက် ကျနော်တို့ လုပ်ဆောင်တဲ့ အခါမှာ ကျနော်တို့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေမှာ အားမလို အားမရ ဖြစ်တာတွေလည်း ကျနော်တို့ သဘောပေါက်ပါတယ်”ဟု ဒေါက်တာ မျိုးညွှန့်က ပြောဆိုခဲ့သည်။

ရိုက်ကူး- ထက်နိုင်ဇော်