မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက်ကျေးရွာ၊ ကျောက်ချောင်းရပ်ကွက်ရှိ ထက်ရည်လင်းရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်အမှတ်(

3 tontonan
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက်ကျေးရွာ၊ ကျောက်ချောင်းရပ်ကွက်ရှိ ထက်ရည်လင်းရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်အမှတ်(SGU-6) လုပ်ကွက်မှ ရွှေအင်းပြိုကျမှုဖြစ်ပွားရာ ရွှေတွင်းလုပ်သား ၃ ဦးပိတ်မိလျှက်ရှိသောကြောင့် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်လျှက်ရှိသည်ကို ဇူလိုင်လ ၂၆ ရက်၊ညနေပိုင်းက ယခုလိုတွေ့ရသည်။

ဇူလိုင်လ ၂၄ ရက်၊ည ၁၁ နာရီကျော်က ပြိုကျခဲ့ခြင်းဖြစ်ပြီး ၂၅ရက်၊ နေ့လည်ပိုင်းတွင် ပိုင်ပိုင်(ခ)ဖြိုးမင်းပိုင်ကို လည်ကောင်းနှင့် ယနေ့ ၂၆ ရက်နံနက်ပိုင်းတို့တွင် မြတ်မိုးဝင်းတို့ ကိုလည်ကောင်း သေဆုံးလျှက်ရှာဖွေ တွေ့ရှိခဲ့ပြီး ကျန်ရှိနေသည့် တစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)