တိုင်တန်းခံထားရတဲ့ သီဟတင်စိုးကို ဖမ်းဆီးစစ်ဆေးတာတွေ ဆက်လုပ်မယ်လို့ ရဲတပ်ဖွဲ့ပြောဇူလိုင် - ၁၆၊၂၀၁၈အိမ်အကူကို မုဒိန်းကျင့်တယ်ဆိုပြီး တိုင်တန်းခံရထားတဲ့ သီဟတင်

  • 6 years ago
တိုင်တန်းခံထားရတဲ့ သီဟတင်စိုးကို ဖမ်းဆီးစစ်ဆေးတာတွေ ဆက်လုပ်မယ်လို့ ရဲတပ်ဖွဲ့ပြော

ဇူလိုင် - ၁၆၊၂၀၁၈

အိမ်အကူကို မုဒိန်းကျင့်တယ်ဆိုပြီး တိုင်တန်းခံရထားတဲ့ သီဟတင်စိုးကို ဖမ်းဆီးပြီး စစ်ဆေးတာတွေဆက်လုပ်သွားမယ်လို့ သုဝဏ္ဏမြို့ နယ်မြေစခန်းမှူး ရဲအုပ်သန်းနိုင်က ဒီကနေ့မှာပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်မှာ တရားလိုဖြစ်သူရဲ့ ဆေးစစ်ချက်ကို သင်္ဃန်းကျွန်းစံပြဆေးရုံက မှုခင်းဆရာဝန်နဲ့ ဆေးစစ်ချက်တွေ လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲအနေနဲ့ တိုင်ကြားခံရတဲ့မိသားစုအိမ်သွားပြီး အသိပေးအကြောင်းကြားထားပြီး တရားစွဲခံထားရတဲ့ သီဟတင်စိုးရဲ့ သက်သေခံပစ္စည်းတစ်ချို့ကို သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးဟာ အိမ်ဖော်အမျိုးသမီးကို မုဒိန်းကျင့်မှုနဲ့ ဇူလိုင်လ ၁၅ ရက်နေ့က အမှုဖွင့်တိုင်တန်းခံထားရတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Recommended