Siberia ႐ုပ္ရွင္သစ္ အထူးပြဲကို တက္ေရာက္ခဲ့တဲ့ ကီႏူးရိဗ္ဇူလိုင္ - ၁၂ ၊၂၀၁၈ Siberia ႐ုပ္ရွင္သစ္ အထူးပြဲ ျပသမႈ အခမ္းအနားကို မင္းသား ကီႏူးရိဗ္ တက္ေရာက္ခဲ့ပါတယ္။

  • 6 years ago
Siberia ႐ုပ္ရွင္သစ္ အထူးပြဲကို တက္ေရာက္ခဲ့တဲ့ ကီႏူးရိဗ္

ဇူလိုင္ - ၁၂ ၊၂၀၁၈

Siberia ႐ုပ္ရွင္သစ္ အထူးပြဲ ျပသမႈ အခမ္းအနားကို မင္းသား ကီႏူးရိဗ္ တက္ေရာက္ခဲ့ပါတယ္။

ဇူလုိင္ ၁၁ ရက္က နယူးေယာက္မွာ က်င္းပတဲ့ အထူးပြဲက ေကာ္ေဇာနီ ေလွ်ာက္လမ္းေပၚကို ေဟာလိဝုဒ္ နာမည္ေက်ာ္မင္းသားက တျခား တြဲဖက္ သ႐ုပ္ေဆာင္ေတြနဲ႔အတူ ေရာက္ရွိလာခဲ့တာပါ။

အဲဒီ ဇာတ္ကားမွာ ရိဗ္ဟာ ႐ုရွားကို စိန္ေရာင္းဖို႔ သြားေရာက္ခဲ့တဲ့ အေမရိကန္သား စိန္ကုန္သည္ တစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

႐ုရွားကို ေရာက္ရွိေနခ်ိန္မွာ သူနဲ႔အတူ ပါလာတဲ့ မိတ္ေဆြျဖစ္သူ ေပ်ာက္ဆံုးသြားလုိ႔ အသည္းအသန္ လုိက္ရွာရင္း ေဒသခံ အမိ်ဳးသမီး တစ္ဦးနဲ႔ ခ်စ္ကၽြမ္းဝင္ခဲ့ပံုကို ဒီ႐ုပ္ရွင္မွာ ပံုေဖာ္ ႐ိုက္ကူးျပထားပါတယ္။

ရိဗ္က ဆိုက္ေဘးရီးယား ေဒသမွာ ႐ုပ္ရွင္သြား႐ိုက္ရတာဟာ ထူးျခားတဲ့ အေတြ႕အႀကံဳ တစ္ခုျဖစ္ေၾကာင္း၊ ႐ိုေမးနီးယား မင္းသမီး အန္နာ အူလာ႐ူနဲ႔ တြဲဖက္ သ႐ုပ္ေဆာင္ရတာလည္း ေက်နပ္စရာျဖစ္ေၾကာင္း သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

အူလာ႐ူကလည္း သူနဲ႔ ရိဗ္တို႔ဟာ စိတ္ခ်င္း ဆက္သြယ္ေနသလို တစ္ေယာက္အထာ တစ္ေယာက္သိၿပီး အေကာင္းဆံုး လက္တြဲ အလုပ္လုပ္ႏုိင္ခဲ့တယ္လုိ႔ ဆိုပါတယ္။ Siberia ဇာတ္ကားကို ဇူလုိင္ ၁၃ ရက္ကစၿပီး အေမရိကန္မွာ ႐ံုတင္ ျပသသြားမွာ ျဖစ္ပါတယ္။

#ဆိုက္ေဘးရီးယား #ကီႏူးရိဗ္ # ေဟာလိဝုဒ္ #7DAY TV

(Unicode)

Siberia ရုပ်ရှင်သစ် အထူးပွဲကို တက်ရောက်ခဲ့တဲ့ ကီနူးရိဗ်

ဇူလိုင် - ၁၂ ၊၂၀၁၈

Siberia ရုပ်ရှင်သစ် အထူးပွဲ ပြသမှု အခမ်းအနားကို မင်းသား ကီနူးရိဗ် တက်ရောက်ခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်က နယူးယောက်မှာ ကျင်းပတဲ့ အထူးပွဲက ကော်ဇောနီ လျှောက်လမ်းပေါ်ကို ဟောလိဝုဒ် နာမည်ကျော်မင်းသားက တခြား တွဲဖက် သရုပ်ဆောင်တွေနဲ့အတူ ရောက်ရှိလာခဲ့တာပါ။

အဲဒီ ဇာတ်ကားမှာ ရိဗ်ဟာ ရုရှားကို စိန်ရောင်းဖို့ သွားရောက်ခဲ့တဲ့ အမေရိကန်သား စိန်ကုန်သည် တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

ရုရှားကို ရောက်ရှိနေချိန်မှာ သူနဲ့အတူ ပါလာတဲ့ မိတ်ဆွေဖြစ်သူ ပျောက်ဆုံးသွားလို့ အသည်းအသန် လိုက်ရှာရင်း ဒေသခံ အမျိုးသမီး တစ်ဦးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပုံကို ဒီရုပ်ရှင်မှာ ပုံဖော် ရိုက်ကူးပြထားပါတယ်။

ရိဗ်က ဆိုက်ဘေးရီးယား ဒေသမှာ ရုပ်ရှင်သွားရိုက်ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံ တစ်ခုဖြစ်ကြောင်း၊ ရိုမေးနီးယား မင်းသမီး အန်နာ အူလာရူနဲ့ တွဲဖက် သရုပ်ဆောင်ရတာလည်း ကျေနပ်စရာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အူလာရူကလည်း သူနဲ့ ရိဗ်တို့ဟာ စိတ်ချင်း ဆက်သွယ်နေသလို တစ်ယောက်အထာ တစ်ယောက်သိပြီး အကောင်းဆုံး လက်တွဲ အလုပ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Siberia ဇာတ်ကားကို ဇူလိုင် ၁၃ ရက်ကစပြီး အမေရိကန်မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

#ဆိုက်ဘေးရီးယား #ကီနူးရိဗ် # ဟောလိဝုဒ် #7DAY TV

Recommended