ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဓာတ်ခွဲခန်းအတွက် အစိုးရမှ ကျပ်သိန်း ၆ ထောင် ဘတ်ဂျက်ချပေးထား-----------------------------------ကုတင် ၂,ဝဝဝ ဆန့်၊ ရန်ကုန်ပြည်သူ့ဆေးရု
- 6 years ago
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဓာတ်ခွဲခန်းအတွက် အစိုးရမှ ကျပ်သိန်း ၆ ထောင် ဘတ်ဂျက်ချပေးထား
-----------------------------------
ကုတင် ၂,ဝဝဝ ဆန့်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဓာတ်ခွဲခန်းအတွက် အစိုးရမှ ကျပ်သိန်း ၆ ထောင် ဘတ်ဂျက် ခွဲဝေချပေးထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောသည်။
ကုတင် ၂,ဝဝဝ ဆန့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာဦးရေမှာ နေ့စဉ် ၁,၇ဝဝ မှ ၁,၈ဝဝ ထိရှိပြီး အတွင်း လူနာများကို အခကြေးငွေမယူဘဲ ဓာတ်ခွဲကုသမှုနှင့် စမ်းသပ်မှုပိုင်း အမျိုးအစား ၅ဝ ကျော်မှ ၆ဝ နီးပါး ထိ စမ်းသပ်ကုသပေးနေကြောင်း သိရသည်။
အရေးပေါ်လာသည့် လူနာများကိုလည်း ဆေးဝါးဝယ်ယူခိုင်းခြင်းမရှိဘဲ အရေးပေါ်ကုသမှုပိုင်းနှင့် ခွဲစိတ်မှုပိုင်း များကို အားလုံးအခမဲ့လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး ပြောပြချက် အရ သိရသည်။
သတင်း/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
ရိုက်ကူး - စိုးသူအောင်၊ ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ-