ဂီတ ေဖ်ာ္ေျဖပြဲ က်င္းပတဲ့ ေနရာျဖစ္သြားတဲ့ ျပင္သစ္ သမၼတ နန္းေတာ္ဇြန္ -၂၂ ၊၂၀၁၈ ျပင္သစ္ရဲ႕ သမၼတ အိမ္ေတာ္ျဖစ္တဲ့ အီလီဆီ နန္းေတာ္ဟာ ဇြန္လ ၂၁ ရက္မွာေတာ့ ဂီတ ေဖ်ာ

  • 6 years ago
ဂီတ ေဖ်ာ္ေျဖပြဲ က်င္းပတဲ့ ေနရာျဖစ္သြားတဲ့ ျပင္သစ္ သမၼတ နန္းေတာ္

ဇြန္ -၂၂ ၊၂၀၁၈

ျပင္သစ္ရဲ႕ သမၼတ အိမ္ေတာ္ျဖစ္တဲ့ အီလီဆီ နန္းေတာ္ဟာ ဇြန္လ ၂၁ ရက္မွာေတာ့ ဂီတ ေဖ်ာ္ေျဖပြဲ က်င္းပရာ ရင္ျပင္ဧရိယာ တစ္ခုအသြင္ကို ေျပာင္းလဲသြားခဲ့ပါတယ္။

ျပင္သစ္ အမိ်ဳးသား ဂီတပြဲေတာ္ေန႔ အထိမ္းအမွတ္ အေနနဲ႔ သမၼတ အီမန္ႏ်ဴရယ္လ္ မာခရြန္ ကိုယ္တုိင္က ဒီေဂ်ေတြကို ဖိတ္ေခၚၿပီး နန္းေတာ္ေ႐ွ႕ ျမက္ခင္းျပင္မွာ ေဖ်ာ္ေျဖေစခဲ့တာ ျဖစ္ပါတယ္။

ပါရွန္း အေဆာင္ဖက္မွာ ဂ်က္ဇ္နဲ႔ ေရာ့ခ္ဂီတေတြကို ေဖ်ာ္ေျဖေနခ်ိန္ အီလီဆီ နန္းေတာ္ မ်က္ႏွာစာကိုေတာ့ အီလက္ထ႐ို ဂီတနဲ႔ ဒီေဂ်ေတြ လက္စြမ္းျပမယ့္ ေနရာအျဖစ္ ေရြးခ်ယ္ခဲ့ပါတယ္။ ဒီအစီအစဉ္မွာ သမၼတ မာခရြန္က ဇနီးသည္ ဘရစ္ဂစ္တီနဲ႔အတူ ပရိသတ္ေတြကို ေတြ႕ဆံု ႏႈတ္ဆက္ခဲ့ပါတယ္။

အမ်ိဳးသား ႏွစ္ပတ္လည္ ဂီတပြဲေတာ္ကို အခုသီတင္းပတ္ ကုန္ဆံုးခ်ိန္ထိ ျပင္သစ္ႏုိင္ငံ အႏွံ႔မွာ ဆက္လက္ က်င္းပေနဦးမယ္လုိ႔လည္း သိရပါတယ္။

Unicode

ဂီတ ဖျော်ဖြေပွဲ ကျင်းပတဲ့ နေရာဖြစ်သွားတဲ့ ပြင်သစ် သမ္မတ နန်းတော်

ဇွန် -၂၂ ၊၂၀၁၈

ပြင်သစ်ရဲ့ သမ္မတ အိမ်တော်ဖြစ်တဲ့ အီလီဆီ နန်းတော်ဟာ ဇွန်လ ၂၁ ရက်မှာတော့ ဂီတ ဖျော်ဖြေပွဲ ကျင်းပရာ ရင်ပြင်ဧရိယာ တစ်ခုအသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်။

ပြင်သစ် အမျိုးသား ဂီတပွဲတော်နေ့ အထိမ်းအမှတ် အနေနဲ့ သမ္မတ အီမန်နျူရယ်လ် မာခရွန် ကိုယ်တိုင်က ဒီဂျေတွေကို ဖိတ်ခေါ်ပြီး နန်းတော်ရှေ့ မြက်ခင်းပြင်မှာ ဖျော်ဖြေစေခဲ့တာ ဖြစ်ပါတယ်။

ပါရှန်း အဆောင်ဖက်မှာ ဂျက်ဇ်နဲ့ ရော့ခ်ဂီတတွေကို ဖျော်ဖြေနေချိန် အီလီဆီ နန်းတော် မျက်နှာစာကိုတော့ အီလက်ထရို ဂီတနဲ့ ဒီဂျေတွေ လက်စွမ်းပြမယ့် နေရာအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ သမ္မတ မာခရွန်က ဇနီးသည် ဘရစ်ဂစ်တီနဲ့အတူ ပရိသတ်တွေကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

အမျိုးသား နှစ်ပတ်လည် ဂီတပွဲတော်ကို အခုသီတင်းပတ် ကုန်ဆုံးချိန်ထိ ပြင်သစ်နိုင်ငံ အနှံ့မှာ ဆက်လက် ကျင်းပနေဦးမယ်လို့လည်း သိရပါတယ်။