မထသနေရာ ၉ နေရာကို YBS ယာဉ်ရပ်နားကွင်းအဖြစ် ကုမ္ပဏီများကို ငှားရမ်းထား================= မော်တော်ယာဉ်ထိမ်းသိမ်းရေးလိုင်းပေါင်းစုံ (မ.ထ.သ) မှ လွှဲပြောင်းရယူခဲ့သည့်

  • 6 years ago
မထသနေရာ ၉ နေရာကို YBS ယာဉ်ရပ်နားကွင်းအဖြစ် ကုမ္ပဏီများကို ငှားရမ်းထား
=================
မော်တော်ယာဉ်ထိမ်းသိမ်းရေးလိုင်းပေါင်းစုံ (မ.ထ.သ) မှ လွှဲပြောင်းရယူခဲ့သည့် မြေနေရာများမှ ၉ နေရာကို YBS ယာဉ်ရပ်နားကွင်းများအဖြစ် ကုမ္ပဏီ ၆ခုကို ငှားရမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောခဲ့သည်။

ဇွန်လ ၁၈ရက် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ၄၇ ရက်မြောက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ မ.ထ.သ မှ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) သို့လွှဲပြောင်းရယူရာတွင် မည်သည့်နေရာများတွင် မြေကွက်လပ်အလွတ်မည်မျှရှိခဲ့သနည်းနှင့် ယခုအချိန်တွင် ငှားရမ်းခွင့်သက်တမ်းကုန်နေသော စာချုပ်များရှိမရှိ တို့ကို ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့သည်။

ရိုက်ကူး၊တည်းဖြတ်-မျိုးပြည့်သင်း

သတင်းအပြည့်အစုံ-