ကော့မှူးမြို့တွင် ဘက်စုံသုံးဆိပ်ကမ်းတည်ဆောက်ရန် ရန်ကုန်လွှတ်တော်မှတ်တမ်းတင်==============ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင် Multipurpose

  • 6 years ago
ကော့မှူးမြို့တွင် ဘက်စုံသုံးဆိပ်ကမ်းတည်ဆောက်ရန် ရန်ကုန်လွှတ်တော်မှတ်တမ်းတင်
==============
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်းတည်ဆောက်ရန် လုပ်ငန်းစီမံကိန်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဇွန်လ ၁၃ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။ ယင်းအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ဇွန်လ ၅ ရက်နေ့ (ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့) တွင် ပေးပို့ထားခဲ့သည်။

အဆိုပါ ဘက်စုံသုံးဆိပ်ကမ်းအတွက် ကော့မှူးမြို့နယ် သရက်တော့ကျေးရွာနှင့်ကွမ်းခြံကုန်းမြို့နယ် တော်ဓလူးကျေးရွာအကြား မြေဧက ၁၀,၅၃၀ ဧက ခန့် အသုံးပြုရန် လျာထားသည်။ ပထမအဆင့်အနေဖြင့် ဧက ၅၀၀ ကို မြစ်ကမ်းနားအရှည် ၂ ဒဿမ ၂ မီတာ နှင့် ဖော်ဆောင်သွားမည်ဖြစ်သည်။

ရိုက်ကူး၊တည်းဖြတ်-မျိုးပြည့်သင်း

သတင်းအပြည့်အစုံ-