ထရမ့္နဲ႔ ေဆြးေႏြးမယ့္ အစီအစဉ္အတြက္ စင္ကာပူကို ေရာက္ရွိလာတဲ့ ကင္မ္ဂ်ံဳအန္းဇြန္-၁၀၊ ၂၀၁၈အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္နဲ႔ လူခ်င္းေတြ႕ဆံုမယ့္ အစီအစဉ္အတြက္ ေျမာက္က

  • 6 years ago
ထရမ့္နဲ႔ ေဆြးေႏြးမယ့္ အစီအစဉ္အတြက္ စင္ကာပူကို ေရာက္ရွိလာတဲ့ ကင္မ္ဂ်ံဳအန္း

ဇြန္-၁၀၊ ၂၀၁၈

အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္နဲ႔ လူခ်င္းေတြ႕ဆံုမယ့္ အစီအစဉ္အတြက္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းဟာ စင္ကာပူ ႏုိင္ငံကို ေရာက္ရွိလာခဲ့ပါတယ္။

ကင္မ္ကို တင္ေဆာင္လာတဲ့ ေလယာဉ္ဟာ ဇြန္လ ၁၀ ရက္ မြန္းလြဲပိုင္းမွာ စင္ကာပူႏိုင္ငံရဲ႕ ခ်န္ဂီေလဆိပ္ကို ဆိုက္ေရာက္လာခဲ့ပါတယ္။ ကင္မ္ဟာ စင္ကာပူ ေရာက္ရွိခ်ိန္မွာ စင္ကာပူ ႏုိင္ငံျခားေရးဝန္ႀကီး ဗီဗီယန္ ဘာလာကရစ္ရွ္နန္နဲ႔ ဦးဆံုး ေတြ႕ဆံုခဲ့ပါတယ္။

ဘာလာကရစ္ရွ္နန္က သူနဲ႔ ကင္မ္တုိ႔ လက္ဆြဲႏႈတ္ဆက္ေနတဲ့ ဓာတ္ပံုကို Twitterမွာ တင္ၿပီး စင္ကာပူေျမကို ကင္မ္ေရာက္ရွိလာၿပီ ဆိုတဲ့အေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ကင္မ္ဟာ ညပိုင္းမွာ စင္ကာပူ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းနဲ႔ ေတြ႕ဆံုဖို႔လည္း စီစဉ္ထားပါတယ္။

ကင္မ္နဲ႔ ထရမ့္တို႔ဟာ စင္ကာပူႏုိင္ငံ၊ ဆန္တိုဆာ ကၽြန္းေပၚက ကာပယ္လာ ဟိုတယ္မွာ ဇြန္လ ၁၂ ရက္၊ မနက္ ၉ နာရီက်ရင္ ပထမဆံုးအႀကိမ္အျဖစ္ သမုိင္းဝင္ ေတြ႕ဆံုၿပီး ကိုရီးယား ကၽြန္းဆြယ္မွာ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး ကိစၥေတြကို ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

(Unicode)

ထရမ့်နဲ့ ဆွေးနွေးမယ့် အစီအစဉ်အတွက် စင်ကာပူကို ရောက်ရှိလာတဲ့ ကင်မ်ဂျုံအန်း

ဇွန်-၁၀၊ ၂၀၁၈

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံမယ့် အစီအစဉ်အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စင်ကာပူ နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ကင်မ်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းမှာ စင်ကာပူနိုင်ငံရဲ့ ချန်ဂီလေဆိပ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။ ကင်မ်ဟာ စင်ကာပူ ရောက်ရှိချိန်မှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်နဲ့ ဦးဆုံး တွေ့ဆုံခဲ့ပါတယ်။

ဘာလာကရစ်ရှ်နန်က သူနဲ့ ကင်မ်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံကို Twitterမှာ တင်ပြီး စင်ကာပူမြေကို ကင်မ်ရောက်ရှိလာပြီ ဆိုတဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။ ကင်မ်ဟာ ညပိုင်းမှာ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

ကင်မ်နဲ့ ထရမ့်တို့ဟာ စင်ကာပူနိုင်ငံ၊ ဆန်တိုဆာ ကျွန်းပေါ်က ကာပယ်လာ ဟိုတယ်မှာ ဇွန်လ ၁၂ ရက်၊ မနက် ၉ နာရီကျရင် ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။