အေမရိကန္ အလွမယ္ ၿပိဳင္ပြဲမွာ ေရကူးဝတ္စံုနဲ႔ ကိုယ္ဟန္ျပမႈ အစီအစဉ္ကို ပယ္ဖ်က္ဇြန္ - ၇ ၊၂၀၁၈ အေမရိကန္ အလွမယ္ ၿပိဳင္ပြဲမွာ ေရကူးဝတ္စံုနဲ႔ ကိုယ္ဟန္ျပမႈ အစီအစဉ္ကိ

  • 6 years ago
အေမရိကန္ အလွမယ္ ၿပိဳင္ပြဲမွာ ေရကူးဝတ္စံုနဲ႔ ကိုယ္ဟန္ျပမႈ အစီအစဉ္ကို ပယ္ဖ်က္

ဇြန္ - ၇ ၊၂၀၁၈

အေမရိကန္ အလွမယ္ ၿပိဳင္ပြဲမွာ ေရကူးဝတ္စံုနဲ႔ ကိုယ္ဟန္ျပမႈ အစီအစဉ္ကို ပယ္ဖ်က္သြားေတာ့မယ္လုိ႔ သိရပါတယ္။

ရာစုႏွစ္ တစ္ခုနီးပါးေလာက္ ၾကာျမင့္ခဲ့တဲ့ အစဉ္အလာကို အခုႏွစ္ ၿပိဳင္ပြဲက စတင္ၿပီး ေျပာင္းလဲ ျပင္ဆင္သြားမယ္လုိ႔ စီစဉ္သူေတြက ေျပာပါတယ္။

ဒါဟာ အေမရိကန္ ကိုယ္စားျပဳ အလွမယ္ ျဖစ္ထုိ္က္ မျဖစ္ထုိက္ ဆိုတာကို ခႏၶာကိုယ္ ေကာက္ေၾကာင္းအေပၚ အေျချပဳ မဆံုးျဖတ္လိုေတာ့တာေၾကာင့္လုိ႔ ဆိုပါတယ္။

အေမရိကန္ အလွမယ္ေတြဟာ ခႏၶာကိုယ္ ဘယ္ေလာက္ လွပသလဲ ဆိုတာထက္ အေတြးအေခၚ ဘယ္ေလာက္ ထက္ျမက္သလဲ၊ ႏွလံုးသား ဘယ္ေလာက္ ျဖဴစင္သလဲ၊ ပညာဉာဏ္ ဘယ္ေလာက္ ျပည့္ဝသလဲ ဆိုတာကိုပဲ အဓိကထား ေရြးခ်ယ္ထုိက္တယ္လုိ႔ ၿပိဳင္ပြဲရဲ႕ အမႈေဆာင္ခ်ဳပ္ ရက္ဂ်ီနာ ေဟာ့ပါက ေျပာပါတယ္။ ေဟာ့ပါ ကိုယ္တုိင္ကလည္း အလက္စကားျပည္နယ္ အလွမယ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ဖူးသူပါ။

၉၁ ႀကိမ္ေျမာက္ အေမရိကန္ အလွမယ္ ၿပိဳင္ပြဲကို နယူးဂ်ာစီျပည္နယ္၊ အတၱလႏၱစ္ၿမိဳ႕မွာ စက္တင္ဘာ ၉ ရက္က်ရင္ က်င္းပသြားမယ္လုိ႔လည္း သိရပါတယ္။

Unicode

အမေရိကန် အလှမယ် ပြိုင်ပွဲမှာ ရေကူးဝတ်စုံနဲ့ ကိုယ်ဟန်ပြမှု အစီအစဉ်ကို ပယ်ဖျက်

ဇွန် - ၇ ၊၂၀၁၈

အမေရိကန် အလှမယ် ပြိုင်ပွဲမှာ ရေကူးဝတ်စုံနဲ့ ကိုယ်ဟန်ပြမှု အစီအစဉ်ကို ပယ်ဖျက်သွားတော့မယ်လို့ သိရပါတယ်။

ရာစုနှစ် တစ်ခုနီးပါးလောက် ကြာမြင့်ခဲ့တဲ့ အစဉ်အလာကို အခုနှစ် ပြိုင်ပွဲက စတင်ပြီး ပြောင်းလဲ ပြင်ဆင်သွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဒါဟာ အမေရိကန် ကိုယ်စားပြု အလှမယ် ဖြစ်ထိုက် မဖြစ်ထိုက် ဆိုတာကို ခန္ဓာကိုယ် ကောက်ကြောင်းအပေါ် အခြေပြု မဆုံးဖြတ်လိုတော့တာကြောင့်လို့ ဆိုပါတယ်။

အမေရိကန် အလှမယ်တွေဟာ ခန္ဓာကိုယ် ဘယ်လောက် လှပသလဲ ဆိုတာထက် အတွေးအခေါ် ဘယ်လောက် ထက်မြက်သလဲ၊ နှလုံးသား ဘယ်လောက် ဖြူစင်သလဲ၊ ပညာဉာဏ် ဘယ်လောက် ပြည့်ဝသလဲ ဆိုတာကိုပဲ အဓိကထား ရွေးချယ်ထိုက်တယ်လို့ ပြိုင်ပွဲရဲ့ အမှုဆောင်ချုပ် ရက်ဂျီနာ ဟော့ပါက ပြောပါတယ်။ ဟော့ပါ ကိုယ်တိုင်ကလည်း အလက်စကားပြည်နယ် အလှမယ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးသူပါ။

၉၁ ကြိမ်မြောက် အမေရိကန် အလှမယ် ပြိုင်ပွဲကို နယူးဂျာစီပြည်နယ်၊ အတ္တလန္တစ်မြို့မှာ စက်တင်ဘာ ၉ ရက်ကျရင် ကျင်းပသွားမယ်လို့လည်း သိရပါတယ်။