အသက္ႏွစ္ဆယ္နဲ႔ ကိုယ္ပိုင္ထုတ္လုပ္ေရးေထာင္လိုက္တဲ့ ေရႊမႈံရတီဇြန္ - ၈၊ ၂၀၁၈အသက္ငယ္ငယ္နဲ႔ အႏုပညာခရီးမွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ သရုပ္ေဆာင္ေရႊမႈံရတီကေတာ့ သူ႔ရဲ႕

  • 6 years ago
အသက္ႏွစ္ဆယ္နဲ႔ ကိုယ္ပိုင္ထုတ္လုပ္ေရးေထာင္လိုက္တဲ့ ေရႊမႈံရတီ

ဇြန္ - ၈၊ ၂၀၁၈

အသက္ငယ္ငယ္နဲ႔ အႏုပညာခရီးမွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ သရုပ္ေဆာင္ေရႊမႈံရတီကေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ထုတ္လုပ္ေရးကိုု စတင္တည္ေထာင္ေတာ့မယ္လို႔ သိရပါတယ္။

“ေရႊညီရတီ” လို႔ နာမည္ေပးထားျပီး အႏုပညာအလုပ္မွာ အေတြ႔အၾကံဳ၊ ရင့္က်က္မႈေတြရွိတာေၾကာင့္ စီးပြားေရးလုပ္တာဟာ အသက္အရြယ္နဲ႔မသက္ဆိုင္ဘူးလို႔ ေရႊမႈံရတီက ေျပာပါတယ္။

ေရႊမႈံရတီက သူ႔ရဲ႕ကိုယ္ပိုင္ထုတ္လုပ္ေရးမွာ ရုုပ္ရွင္ဇာတ္ကားေတြပဲ သီးသန္႔ရိုက္ကူးမွာျဖစ္ျပီး တျခားထုတ္လုပ္ေရးနဲ႔မတူညီတဲ့ ဇာတ္လမ္းအမ်ိဳးအစားေတြကို ေရြးခ်ယ္ရိုက္ကူးမယ္လုိ႔ ဆိုပါတယ္။

ေရႊညီရတီ ထုတ္လုပ္ေရးရဲ႕ ပထမဆံုးဇာတ္ကားကိုေတာ့ ဇြန္လထဲမွာ စတင္ရိုက္ကူးမွာျဖစ္ျပီး ဒါရို္က္တာ ေက်ာ္ေဇာလင္း(အေတြးပံုရိပ္)နဲ႔ စတင္ရိုက္ကူးမွာျဖစ္ပါတယ္။

ပထမဆံုးဇာတ္ကားကိုေတာ့ သရုပ္ေဆာင္ေအာင္ရဲလင္းနဲ႔ ရိုက္ကူးမွာျဖစ္ျပီး ေနာက္ထပ္ဇာတ္ကားေတြမွာ သရုပ္ေဆာင္အကယ္ဒမီေျပတီဦး၊ အကယ္ဒမီ ေနတိုးတို႔နဲ႔ဆက္တိုက္ရိုက္ကူးသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

#ေရႊမႈံရတီ #ေရႊညီရတီ #7DAYTV #အႏုပညာသတင္း

(Unicode)

အသက်နှစ်ဆယ်နဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးထောင်လိုက်တဲ့ ရွှေမှုံရတီ

ဇွန် - ၈၊ ၂၀၁၈

အသက်ငယ်ငယ်နဲ့ အနုပညာခရီးမှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ရွှေမှုံရတီကတော့ သူ့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးကိုု စတင်တည်ထောင်တော့မယ်လို့ သိရပါတယ်။

“ရွှေညီရတီ” လို့ နာမည်ပေးထားပြီး အနုပညာအလုပ်မှာ အတွေ့အကြုံ၊ ရင့်ကျက်မှုတွေရှိတာကြောင့် စီးပွားရေးလုပ်တာဟာ အသက်အရွယ်နဲ့မသက်ဆိုင်ဘူးလို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီက သူ့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးမှာ ရုုပ်ရှင်ဇာတ်ကားတွေပဲ သီးသန့်ရိုက်ကူးမှာဖြစ်ပြီး တခြားထုတ်လုပ်ရေးနဲ့မတူညီတဲ့ ဇာတ်လမ်းအမျိုးအစားတွေကို ရွေးချယ်ရိုက်ကူးမယ်လို့ ဆိုပါတယ်။

ရွှေညီရတီ ထုတ်လုပ်ရေးရဲ့ ပထမဆုံးဇာတ်ကားကိုတော့ ဇွန်လထဲမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ဒါရို်က်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)နဲ့ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။

ပထမဆုံးဇာတ်ကားကိုတော့ သရုပ်ဆောင်အောင်ရဲလင်းနဲ့ ရိုက်ကူးမှာဖြစ်ပြီး နောက်ထပ်ဇာတ်ကားတွေမှာ သရုပ်ဆောင်အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ နေတိုးတို့နဲ့ဆက်တိုက်ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#ရွှေမှုံရတီ #ရွှေညီရတီ #7DAYTV #အနုပညာသတင်း