“စိန္ေယာက္မ” အေၾကာင္းေျပာျပတဲ့ ခုိင္သင္းၾကည္ဇြန္ - ၇၊၂၀၁၈အကယ္ဒမီ မုိ႔မုိ႔ျမင့္ေအာင္၊ အကယ္ဒမီ စိုးျမတ္သူဇာနဲ႔ အကယ္ဒမီ ခိုင္သင္းၾကည္တုိ႔ ရဲ႕ “စိန္ေယာက္မ” ရုပ္

  • 6 years ago
“စိန္ေယာက္မ” အေၾကာင္းေျပာျပတဲ့ ခုိင္သင္းၾကည္

ဇြန္ - ၇၊၂၀၁၈

အကယ္ဒမီ မုိ႔မုိ႔ျမင့္ေအာင္၊ အကယ္ဒမီ စိုးျမတ္သူဇာနဲ႔ အကယ္ဒမီ ခိုင္သင္းၾကည္တုိ႔ ရဲ႕ “စိန္ေယာက္မ” ရုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္ ဇြန္လ ၁၅ ရက္ေန႔မွာ ရံုတင္ျပသေတာ့မွာျဖစ္ပါတယ္။

ရံုမတင္ခင္ ႏွစ္ပတ္အလိုကတည္းက စိန္ေယာက္မ Trailer ၾကည့္ရႈသူ ငါးသန္းခြဲနီးပါးၾကည္႕ရႈထားၿပီးျဖစ္ပါတယ္။

ဒီကားဟာ ပရိသတ္ေတြ ပါးစပ္မေစ့ေလာက္ေအာင္ရယ္ရမယ့္ ဟာသရုပ္ရွင္ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္။

ခပ္ဆိုးဆိုး ေယာက္မ လက္ထဲကို ေမာင္ကို ထည့္မေပးခ်င္တဲ့ သမီးေယာင္းမႏွစ္ေယာက္ရဲ႕ အႏိုင္က်င့္မႈေတြၾကားမွာ ဘယ္လိုအလြဲေတြနဲ႔ ပရိသတ္ေတြ ေပ်ာ္ရႊင္ရမလဲဆိုတာ ေစာင့္ေမွ်ာ္ၾကည့္ရႈရမွာပါ။

ဒီဇာတ္ကားမွာ ေယာင္းမႏွစ္ေယာက္ရဲ႕ အႏုိင္က်င့္ျခင္းကို ခံရမယ့္ အကယ္ဒမီခုိင္သင္းၾကည္ကေတာ့ ဒီဇာတ္ကားနဲ႔ပတ္သက္ၿပီး အမွတ္ရစရာေတြအမ်ားႀကီးရွိတယ္လို႔ ဖြင့္ဟလာပါတယ္။

အႏုပညာေမာင္ႏွမေတြစံုတဲ့ ရုပ္ရွင္ျဖစ္တဲ့အတြက္ ေပ်ာ္စရာေကာင္းသလို တကယ့္ဟာသဇာတ္ကားအစစ္ကို ၾကည့္ရႈရမယ္လို႔ ခုိင္သင္းၾကည္က ေျပာပါတယ္။

စိန္ေယာက္မ ရုပ္ရွင္ဇာတ္ကားကို ဒါရိုက္တာ ကိုေဇာ္ (အရုဏ္ဦး)က ရိုက္ကူးထားတာျဖစ္ၿပီး အကယ္ဒမီရဲေအာင္၊ အကယ္ဒမီေျပတီဦး၊ အကယ္ဒမီမို႔မို႔ျမင့္ေအာင္၊ အကယ္ဒမီစိုးျမတ္သူဇာ၊ အကယ္ဒမီခုိင္သင္းၾကည္နဲ႔ အႏုပညာရွင္မ်ားစြာ ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

“စိန်ယောက်မ” အကြောင်းပြောပြတဲ့ ခိုင်သင်းကြည်

ဇွန် - ၇၊၂၀၁၈

အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ စိုးမြတ်သူဇာနဲ့ အကယ်ဒမီ ခိုင်သင်းကြည်တို့ ရဲ့ “စိန်ယောက်မ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ရုံမတင်ခင် နှစ်ပတ်အလိုကတည်းက စိန်ယောက်မ Trailer ကြည့်ရှုသူ ငါးသန်းခွဲနီးပါးကြည့်ရှုထားပြီးဖြစ်ပါတယ်။

ဒီကားဟာ ပရိသတ်တွေ ပါးစပ်မစေ့လောက်အောင်ရယ်ရမယ့် ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ခပ်ဆိုးဆိုး ယောက်မ လက်ထဲကို မောင်ကို ထည့်မပေးချင်တဲ့ သမီးယောင်းမနှစ်ယောက်ရဲ့ အနိုင်ကျင့်မှုတွေကြားမှာ ဘယ်လိုအလွဲတွေနဲ့ ပရိသတ်တွေ ပျော်ရွှင်ရမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားမှာ ယောင်းမနှစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံရမယ့် အကယ်ဒမီခိုင်သင်းကြည်ကတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေအများကြီးရှိတယ်လို့ ဖွင့်ဟလာပါတယ်။

အနုပညာမောင်နှမတွေစုံတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ပျော်စရာကောင်းသလို တကယ့်ဟာသဇာတ်ကားအစစ်ကို ကြည့်ရှုရမယ်လို့ ခိုင်သင်းကြည်က ပြောပါတယ်။

စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီရဲအောင်၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခိုင်သင်းကြည်နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်