ဂျပန်စစ်ကျန်ပစ္စည်းရှာဖွေမှုကြောင့် ပေါက်ကွဲမှုဖြစ်မည်ကို မွန် ဒေသခံတွေစိုးရိမ်နေ (ရုပ်/သံ)ဧရာဝတီ၊ မေ ၂၃ ၊ ၂၀၁၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီးရှိ ဝယ်ကဝါကျေးရွ

  • 6 years ago
ဂျပန်စစ်ကျန်ပစ္စည်းရှာဖွေမှုကြောင့် ပေါက်ကွဲမှုဖြစ်မည်ကို မွန် ဒေသခံတွေစိုးရိမ်နေ (ရုပ်/သံ)

ဧရာဝတီ၊ မေ ၂၃ ၊ ၂၀၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီးရှိ ဝယ်ကဝါကျေးရွာအုပ်စု၊ မိန်ဗလာတောင်ခြေမှာ Royal Eagle Myanmar Development Group ကုမ္ပဏီက မေလ ၁၉ ရက်နေ့မှ စတင်ကာ ဒုတိယကမ္ဘာစစ် စစ်ကျန်ပစ္စည်းတွေရှာဖွေဖို့ လှိုင်ခေါင်းတူးဖော်နေတာကြောင့် မိုင်းပေါက်ကွဲမည်ကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စီမံကိန်းစတင်ဝင်ရောက်လာစဉ် ကုမ္ပဏီဘက်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ် အဆောက်အဦး နေရာများအား စစ်သမိုင်းပြတိုက် ဖော်ဆောင်မည့် ရှေးပြေးစီမံကိန်းဟု ကုမ္ပဏီဘက်က ဆိုင်းဘုတ်ထောင်ထားရာမှ မေ ၂၂ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် ဒုတိယကမ္ဘာစစ် လက်ကျန်ပစ္စည်း ပဏာမ စူးစမ်းလေ့လာရေးအဖွဲ့ဟု ဆိုင်းဘုတ်ပြောင်းလဲ တပ်ဆင်းထားခြင်းဖြစ်တယ်လို့ သံဖြူဇရပ်ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ လှိုင်ခေါင်းတူးနေတဲ့ စီမံကိန်းနေရာဟာ စက်မှုဝန်ကြီးဌာနပိုင်မြေနေရာဖြစ်ပြီး မွန်ပြည်နယ်အစိုးရက စီမံကိန်းကို ခွင့်ပြုထားခြင်းမဟုတ်ဘဲ စမ်းသပ်လေ့လာမှုကိုသာ ခွင့်ပြုထားတာလို့လည်း ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးအချို့က ပြောဆိုသော်လည်း စီမံကိန်းရဲ့ အသေးစိတ်အချက်လက်ကိုတော့ ချပြခြင်းမရှိသေးပေ။

ရိုက်ကူး-ဥာဏ်စိုးဝင်း