
  • 6 years ago

မေ - ၂၅ ၊၂၀၁၈








Unicode

Miss Universe Yangon 2018 ကို ဇွန်လမှာ ကျင်းပမယ်

မေ - ၂၅ ၊၂၀၁၈

Miss Universe Yangon 2018 ကို Sky Star Hotelမှာ ဇွန်လအတွင်း ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြိုင်ပွဲဝင်လျှောက်လွှာ သုံးရာကျော်ထဲက စကာတင် ၂၄ ယောက်ကို ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစကာတင်တွေနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ မေလ ၂၄ ရက် ညနေပိုင်းက Jasmine Palace Hotel မှာပြုလုပ်ခဲ့ပါတယ်။

Miss Universe Yangon ပွဲကနေ ပြိုင်ပွဲဝင် လေးယောက်ကို ရွေးချယ်မှာဖြစ်ပြီး Miss Universe Myanmar 2018 ပွဲကို ထပ်မံယှဉ်ပြိုင်စေမယ်လို့သိရပါတယ်။

Miss Universe Yangon 2018 စကာတင် ၂၄ ဦးထဲက တစ်ဦးဖြစ်တဲ့ ပြိုင်ပွဲဝင် အမရာငြိမ်းကလဲ သူ့ရဲ့ အခက်အခဲတွေကို ခုလို ဖွင့်ဟ ထားပါတယ်။

Miss Universe Yangon 2018 ကို Skynet Channel မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

ရုပ်သံ - မေဟန်နီဆွေလွင်