ပ်က္က်ခဲ့တဲ့ က်ဴးဘား ခရီးသည္တင္ ေလယာဉ္ရဲ႕ Black Box ရွာေတြ႕ေမ-၂၀၊ ၂၀၁၈က်ဴးဘားႏုိင္ငံမွာ ပ်က္က်ခဲ့တဲ့ ခရီးသည္တင္ ေလယာဉ္ရဲ႕ ပ်ံသန္းမႈ မွတ္တမ္းတင္ ကိရိယာ Black

  • 6 years ago
ပ်က္က်ခဲ့တဲ့ က်ဴးဘား ခရီးသည္တင္ ေလယာဉ္ရဲ႕ Black Box ရွာေတြ႕

ေမ-၂၀၊ ၂၀၁၈

က်ဴးဘားႏုိင္ငံမွာ ပ်က္က်ခဲ့တဲ့ ခရီးသည္တင္ ေလယာဉ္ရဲ႕ ပ်ံသန္းမႈ မွတ္တမ္းတင္ ကိရိယာ Black Boxကို ရွာေဖြ ေတြ႕ရွိထားၿပီလုိ႔ သိရပါတယ္။

ေမ ၁၈ ရက္က ဟာဗားနားၿမိဳ႕ေတာ္နားက ေလဆိပ္က ပ်ံအတက္မွာ ပ်က္က်ခဲ့တဲ့ Boeing 737 ေလယာဉ္ေပၚမွာ လိုက္ပါသြားသူ ၁၁၀ ေသဆံုးၿပီး ၃ ဦးသာ အသက္ရွင္ က်န္ရစ္ခဲ့ပါတယ္။ ေသဆံုးသူေတြထဲမွာ ကေလးငယ္ ၅ ဦးလည္း ပါဝင္တယ္လုိ႔ က်ဴးဘား အာဏာပိုင္ေတြက ေျပာပါတယ္။

သက္တမ္း အိုေဟာင္းေနၿပီျဖစ္တဲ့ ေလယာဉ္ဟာ ႏိုင္ငံအေ႐ွ႕ပိုင္းက ဟိုလ္ဂူအင္ၿမိဳ႕ကို ဦးတည္တဲ့ ခရီးစဉ္မွာ အခုလို အျဖစ္ဆိုးနဲ႔ ႀကံဳခဲ့တာပါ။ ဒီျဖစ္စဉ္ဟာ ႏွစ္ေပါင္း ၃၀ ေလာက္အတြင္း က်ဴးဘားႏုိင္ငံ သမုိင္းမွာ အဆိုးရြားဆံုး ေလေၾကာင္း မေတာ္တဆမႈ အေနနဲ႔လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

Black Boxကို ရွာေတြ႕ခဲ့ၿပီ ျဖစ္တာေၾကာင့္ ေလယာဉ္ ပ်က္က်ရမႈ အေၾကာင္းရင္းကို မၾကာခင္ စံုစမ္း ေဖာ္ထုတ္ အတည္ျပဳႏုိင္ဖုိ႔ တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနတယ္။ ေလယာဉ္ရဲ႕ တျခား အစိတ္အပိုင္းေတြကေတာ့ ပ်က္က်ခ်ိန္မွာ လံုးဝဥႆံုနီးပါး အစိတ္စိတ္ အႁမႊာႁမႊာ ပ်က္စီးသြားၿပီလုိ႔ သိရပါတယ္။

က်ဴးဘား အစိုးရဟာ ေလယာဉ္ ပ်က္က်မႈမွာ ထိခုိက္ေသဆံုးသူေတြအတြက္ ရည္ရြယ္ၿပီး တစ္ႏုိင္ငံလံုးအဆင့္ ဝမ္းနည္းေၾကကြဲမႈ ကာလကို ႏွစ္ရက္ၾကာ သတ္မွတ္ ေၾကညာထားပါတယ္။

(Unicode)

ပျက်ကျခဲ့တဲ့ ကျူးဘား ခရီးသည်တင် လေယာဉ်ရဲ့ Black Box ရှာတွေ့

မေ-၂၀၊ ၂၀၁၈

ကျူးဘားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxကို ရှာဖွေ တွေ့ရှိထားပြီလို့ သိရပါတယ်။

မေ ၁၈ ရက်က ဟာဗားနားမြို့တော်နားက လေဆိပ်က ပျံအတက်မှာ ပျက်ကျခဲ့တဲ့ Boeing 737 လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁၁၀ သေဆုံးပြီး ၃ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၅ ဦးလည်း ပါဝင်တယ်လို့ ကျူးဘား အာဏာပိုင်တွေက ပြောပါတယ်။

သက်တမ်း အိုဟောင်းနေပြီဖြစ်တဲ့ လေယာဉ်ဟာ နိုင်ငံအရှေ့ပိုင်းက ဟိုလ်ဂူအင်မြို့ကို ဦးတည်တဲ့ ခရီးစဉ်မှာ အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့တာပါ။ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း ၃၀ လောက်အတွင်း ကျူးဘားနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး လေကြောင်း မတော်တဆမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Black Boxကို ရှာတွေ့ခဲ့ပြီ ဖြစ်တာကြောင့် လေယာဉ် ပျက်ကျရမှု အကြောင်းရင်းကို မကြာခင် စုံစမ်း ဖော်ထုတ် အတည်ပြုနိုင်ဖို့ တာဝန်ရှိသူတွေက မျှော်လင့်နေတယ်။ လေယာဉ်ရဲ့ တခြား အစိတ်အပိုင်းတွေကတော့ ပျက်ကျချိန်မှာ လုံးဝဥဿုံနီးပါး အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားပြီလို့ သိရပါတယ်။

ကျူးဘား အစိုးရဟာ လေယာဉ် ပျက်ကျမှုမှာ ထိခိုက်သေဆုံးသူတွေအတွက် ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအဆင့် ဝမ်းနည်းကြေကွဲမှု ကာလကို နှစ်ရက်ကြာ သတ်မှတ် ကြေညာထားပါတယ်။

Recommended