ပဉၥမေျမာက္ Rambo ႐ုပ္ရွင္မွာ ပါဝင္ဦးမယ့္ စတားလံုးေမ - ၉ ၊၂၀၁၈ ဆီလ္ဗက္စတာ စတားလံုးဟာ ပဉၥမေျမာက္ Rambo ဇာတ္ကားမွာ ပါဝင္ သ႐ုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။ ဂၽြ

  • 6 years ago
ပဉၥမေျမာက္ Rambo ႐ုပ္ရွင္မွာ ပါဝင္ဦးမယ့္ စတားလံုး

ေမ - ၉ ၊၂၀၁၈

ဆီလ္ဗက္စတာ စတားလံုးဟာ ပဉၥမေျမာက္ Rambo ဇာတ္ကားမွာ ပါဝင္ သ႐ုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

ဂၽြန္ရမ္ဘိုဆိုတဲ့ အေမရိကန္ စစ္ျပန္တစ္ဦးရဲ႕ စြန္႔စားခန္း ႐ုပ္ရွင္ေတြမွာ စတားလံုးဟာ ၁၉၈၂ ခုႏွစ္ ကတည္းက စတင္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ေနာက္ဆံုး ထြက္ရွိထားတဲ့ စတုတၳေျမာက္ Rambo ဇာတ္ကားကိုေတာ့ ၂၀၀၈ ခုႏွစ္မွာ ႐ံုတင္ခဲ့တာ ျဖစ္ပါတယ္။

အခုေတာ့ ေနာက္ဆက္တြဲ Rambo ဇာတ္ကားသစ္ကိုလည္း အသက္ ၇၁ ႏွစ္ ရွိၿပီျဖစ္တဲ့ စတားလံုးနဲ႔ပဲ ဆက္႐ိုက္ဖုိ႔ ပ႐ိုဂ်ဴဆာေတြျဖစ္တဲ့ ေအဗီလာနာနဲ႔ ကီဗင္ကင္းတို႔က ဆံုးျဖတ္ခဲ့ၾကပါတယ္။ ႐ိုက္ကူးေရး လုပ္ငန္းစဉ္ေတြကို စက္တင္ဘာလထဲမွာ စတင္ဖုိ႔ စီစဉ္ထားပါတယ္။ ဒီဇာတ္ကားအတြက္ ဒါ႐ိုက္တာအျဖစ္ ဘယ္သူ တာဝန္ယူမလဲ ဆိုတာကိုေတာ့ မထုတ္ျပန္ေသးပါဘူး။

စတားလံုးဟာ ၂၀၀၈ ခုႏွစ္က ထြက္ရွိတဲ့ Rambo ဇာတ္ကားမွာ ကိုယ္တုိင္ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။ ေလာေလာဆယ္မွာေတာ့ သူဟာ Creed 2 ဇာတ္ကားအတြက္ အလုပ္မ်ားေနတယ္လုိ႔လည္း သိရပါတယ္။

Unicode

ပဉ္စမမြောက် Rambo ရုပ်ရှင်မှာ ပါဝင်ဦးမယ့် စတားလုံး

မေ - ၉ ၊၂၀၁၈

ဆီလ်ဗက်စတာ စတားလုံးဟာ ပဉ္စမမြောက် Rambo ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဂျွန်ရမ်ဘိုဆိုတဲ့ အမေရိကန် စစ်ပြန်တစ်ဦးရဲ့ စွန့်စားခန်း ရုပ်ရှင်တွေမှာ စတားလုံးဟာ ၁၉၈၂ ခုနှစ် ကတည်းက စတင် သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ စတုတ္ထမြောက် Rambo ဇာတ်ကားကိုတော့ ၂၀၀၈ ခုနှစ်မှာ ရုံတင်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ နောက်ဆက်တွဲ Rambo ဇာတ်ကားသစ်ကိုလည်း အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ စတားလုံးနဲ့ပဲ ဆက်ရိုက်ဖို့ ပရိုဂျူဆာတွေဖြစ်တဲ့ အေဗီလာနာနဲ့ ကီဗင်ကင်းတို့က ဆုံးဖြတ်ခဲ့ကြပါတယ်။ ရိုက်ကူးရေး လုပ်ငန်းစဉ်တွေကို စက်တင်ဘာလထဲမှာ စတင်ဖို့ စီစဉ်ထားပါတယ်။ ဒီဇာတ်ကားအတွက် ဒါရိုက်တာအဖြစ် ဘယ်သူ တာဝန်ယူမလဲ ဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။

စတားလုံးဟာ ၂၀၀၈ ခုနှစ်က ထွက်ရှိတဲ့ Rambo ဇာတ်ကားမှာ ကိုယ်တိုင် ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ သူဟာ Creed 2 ဇာတ်ကားအတွက် အလုပ်များနေတယ်လို့လည်း သိရပါတယ်။

Recommended