သံဃာတပါး ရိုက်နှက်ခဲ့သည့် ကျောင်းသား ဆေးကုသမှု ခံယူနေရဆဲ (ရုပ်/သံ)

  • 6 years ago
မတ္တရာမြို့နယ်​ ​တောင်​ကန်​အုပ်​စု ကင်းရွာ လွင်​ဦး​ကျောင်းတိုက်​အတွင်း၌ ဧပြီလ၂၁ရက်က အဆိုပါကျေးရွာမှ အသက်၁၄နှစ်အရွယ် အဋ္ဌမတန်းဖြေဆိုထားသော မောင်ဝေဖြိုးနိုင်အား လွင်ဦးကျောင်းတိုက်မှ ဦးသုစရိတက မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်​စဉ်​မှာ​ လွင်ဦးကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဦးပညာဝံသအား ဝေယျာဝစ္စလုပ်ကိုင်ပေးနေသူ မောင်ဝေဖြိုးနိုင်မှ ကျောင်းသားအချင်းချင်း စကား​ပြောကြရာတွင်
"ခွေးပါးစပ်​က နတ်​စကားထွက်​"ဟူ​သောအသုံးအနှုန်းကို သုံးနှုန်းမိရာ ဦးသုစရိတက သူ့ကို​ပြောသည်​ ယူဆပြီး စတင်​ရိုက်​နှက်​ခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

အဆိုပါကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခဲ့မှုကြောင့် မောင်ဝေဖြိုးနိုင်မှာ ဧပြီလ ၂၁ရက်နေ့က မတ္တရာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ရိုက်ကူး -ဒီလှိုင်းဝင်း