မန္တလေးမြို့အခြေစိုက် သတင်းသမားတွေကို မီဒီယာစင်တာ(မန္တလေး)ကနေ ရုပ်သံတည်းဖြတ်သင်တန်း ဖွင့်လှစ်ပေးလျှက်ရှိပါတယ်။ဒီသင်တန်းကို မတ်လ ၂၄ ရက်ကနေ မတ်လ ၂၈ နေ့အထိသင်ကြားေ

  • 6 years ago
မန္တလေးမြို့အခြေစိုက် သတင်းသမားတွေကို မီဒီယာစင်တာ(မန္တလေး)ကနေ ရုပ်သံတည်းဖြတ်သင်တန်း ဖွင့်လှစ်ပေးလျှက်ရှိပါတယ်။

ဒီသင်တန်းကို မတ်လ ၂၄ ရက်ကနေ မတ်လ ၂၈ နေ့အထိသင်ကြားပေးသွားမှာဖြစ်ပြီး ပဉ္စမလှိုင်း၊The Voice ၊Channel Mandalay ၊News Watchနှင့်မန္တလေးခေတ် စတဲ့ သတင်းဌာနတွေက မန္တလေးအခြေစိုက် သတင်းထောက်တွေ တက်ရောက်သင်ယူလျှက်ရှိပါတယ်။

မီဒီယာစင်တာ(မန္တလေး)အနေနဲ့ မန္တလေးအခြေစိုက်သတင်းထောက်တွေ လိုအပ်တဲ့ သင်တန်းတွေကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်လို့ စင်တာ တာဝန်ခံ ကိုလင်းလင်းထွန်းကပြောပါတယ်။

မီဒီယာစင်တာ(မန္တလေး)ကို ၂၀၁၅ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သတင်စာအခြေခံပညာသင်တန်း၊ရုပ်သံအခြေခံရိုက်ကူးနည်းသင်တန်းနဲ့အခု ရုပ်သံတည်းဖြတ်နည်းသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါတယ်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ