ရန်ကုန် စည်ပင်နယ်နိမိတ်အပြင်မှာ အသေးစားစက်မှုဇုန်တွေ တည်ဆောက်သွားမယ်

  • 7 years ago
ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် ပြင်ပက ကိုကိုးကျွန်း အပါအဝင် မြို့နယ် ၁၂ မြို့နယ်မှာ အသေးစားစက်မှုဇုန်တွေ တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ ပါဝင်တဲ့ အစိုးရအဖွဲ့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဆယ်ကြိမ်မြောက် တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောကြားခဲ့တာပါ။

ရုပ်သံသတင်းထောက် - အလှလေးသူဇာ