ဖော်မလင်ပါတဲ့ပဲသွေးထုတ်လုပ်သူတွေကို FDA က တရားစွဲပြီ

  • 7 years ago
ရန်ကုန်တိုင်းမှာ ဖော်မလင်ပါတဲ့ ပဲသွေးတွေ ထုတ်လုပ်ရောင်းချတာကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ပထမဆုံးအကြိမ် အရေးယူတရားစွဲလိုက်ပြီလို့ သတင်းရရှိပါတယ်။

FDA က တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စက်တင်ဘာလ(၂၁)ရက် က လှိုင်သာယာမှာရှိတဲ့ ပဲသွေးပင်ရင်း လုပ်ငန်း(၂)ခုကို စစ်ဆေးခဲ့ရာမှာ တရားမ၀င် ထုတ်လုပ်ရောင်းချနေတဲ့ အပြင် ဖော်မလင်ပါဝင်တဲ့အတွက် ပဲသွေးငါးထောင်ကျော်ကို ဖျက်ဆီးခဲ့ပြီး တရားစွဲအရေးယူခဲ့တာဖြစ်ပါတယ်။

အရင်က ဖော်မလင်ပါတဲ့ ပဲသွေးထုတ်လုပ်နေတာတွေကို တွေ့ရှိရင် ပစ္စည်းတွေဖျက်ဆီးတာ၊ ဝန်ခံကတိရေးထိုးစေတာနဲ့ လုပ်ငန်းပိတ်သိမ်းတာတွေသာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အစားအသောက်တွေမှာ သုံးစွဲဖို့ ခွင့်မပြုတဲ့ ဖော်မလင်တွေ လုံးဝ အသုံးမပြုဖို့နဲ့ လိုက်နာမှု မရှိရင် တည်ဆဲဥပဒေတွေအရ အရေးယူမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လမှာ ထုတ်ြပန်ကြေညာခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ပဲသွေးထုတ်လုပ်တဲ့ လုပ်ငန်းအချို့ကို ကွင်းဆင်းစစ်ဆေးရာမှာလည်း အမဲသွေး အသုံးပြုထားတာ ကိုလဲတွေ့ရှိရတယ်လို့ ပါရှိပါတယ်။ FDAအနေနဲ့ သိမ်ကြီးဈေး၊ သီရိမင်္ဂလာဈေး၊ မှော်ဘီမြို့မဈေး၊ ကော့မှူးမြို့မဈေး၊ လှည်းကူးမြို့
မဈေးနဲ့ ဒလမြို့ကဈေးတွေမှာ ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးနေတာဖြစ်ပြီး ပဲသွေးတွေကို သိမ်းဆည်းဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended