မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေမူကြမ်းကို အချောသတ်ဖို့ ဆွေးနွေး

  • 7 years ago
၁၉၉၃ ခုနှစ် ခရီးသွားဥပဒေကို ပြန်လည်မွမ်းမံ ပြင်ဆင်ထားတဲ့ မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေမူကြမ်းကို အချောသတ်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ခရီးသွားအေဂျင်စီတွေ ၊ ဧည့်လမ်းညွှန်တွေ ပါဝင်ခဲ့ကြတာပါ။

ခေတ်နဲ့မလျှော်ညီတော့နဲ့ ပြစ်ဒဏ် တွေ ၊ တရားမဝင်တွေ ခရီးသွားအေဂျင်စီတွေ၊ တည်းခိုရေးလုပ်ငန်းတွေ၊ ဧည့်လမ်းညွှန်တွေကို ထိန်းညှိပေးနိုင်ဖို့ အခု ဥပဒေမူကြမ်းမှာ တိတိကျကျပါဝင်နိုင်အောင် ထပ်မံဆွေးနွေးကြတာလို့သိရပါတယ်။

အွန်လိုင်းခရီးသွားဝန်ဆောင်မှုတွေလဲ လုပ်ကိုင်လာတဲ့အပေါ် ဘယ်လိုဥပဒေမျိုးတွေနဲ့ ထိန်းညှိသွားရမလဲဆိုတာတွေကိုပါ ထည့်သွင်းပြင်ဆင်နေကြောင်းသိရပါတယ်။

ဥပဒေအတည်ပြုပြီးရင် နည်းဥပဒေထွက်ရှိနိုင်ဖို့အတွက်ကိုလည်း လာမယ့်၂၀၁၈ ခုနှစ် မတ်လမှာ နောက်ဆုံးထားထွက်ရှိနိုင်အောင်ပြင်ဆင်နေတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ