ရခိုင်အရေးနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေမှားနေတယ်လို့ ကာကွယ်ရေးဝန်ကြီးပြော

  • 7 years ago
ရခိုင်ပြည်နယ် မောင်တောဒေသ နဲ့ ပတ်သက်ပြီး လူအခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲချက်တွေ ဟာ မှားယွင်းနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး စိန်ဝင်းကပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၉ ရက် က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ကွန်းဗင့်ရှင်းစင်တာ( ၂ )မှာပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြားမှုအပြီးမှာ မီဒီယာအချိုကို ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မှာ မောင်တောဒေသက လုံခြုံရေးရဲကင်းနဲ့ ရဲစခန်း စုစုပေါင်း ၃၀ ကို င်္ဂါလီ အ ကြမ်းဖက်သမားများက တစ်ပြိုင် တည်း စတင် တိုက်ခိုက်တာတွေပြုလုပ်ခဲ့တာပါ။

ရုပ်သံသတင်းထောက် - စိုးရ ၊ မောင်သင်တုန်း