ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ပြည်မှာ တိုက်ရိုက်ပြမယ်

  • 7 years ago
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန်မှာ ပြောကြားမယ့် နိုင်ငံတော် အ ခြေပြ မိန့်ခွန်းကို ပြည်မြို့မှာ တိုက်ရိုက်ပြသဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

မနက်ဖြန် မနက် ၁၀ နာရီမှာ ပြည်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း မြင်စီးကျောက်ရုပ် အဝိုင်းပတ် နေရာ မှာရှိတဲ့ LED ဆိုင်းဘုတ်ကနေ တိုက်ရိုက်ပြသပေးမှာဖြစ်ပါတယ်။ အဲဒီ LED ဆိုင်းဘုတ်ဟာ ကြော်ငြာတွေပြသနေတဲ့ ဆိုင်းဘုတ်ဖြစ်နေပြီး အသံထွက်မှု ကြည်လင် ပြတ်သားဖို့အတွက် ဘုတ်တွေ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ဇော်မင်းထိုက်