နမူနာမှာတင် ပေါက်နေတဲ့ ဇွတ်ကျား အကြောင်း ပြောပြတဲ့ ပက်ထရစ်ရှာ

  • 7 years ago
အွန်လိုင်းပေါ်မှာ ပရိသတ်အားပေးမှုမြင့်တက်နေတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ ဇွတ်ကျား ရုပ်ရှင်ဟာ ငါးရက်အတွင်းမှာ ဇာတ်ကားနမူနာကြည့်ရှုသူ ငါးသန်းကျော်သွားခဲ့ပါတယ်။စက်တင်ဘာလကုန်မှာ ရုံတင်ပြသတော့မယ့် ဇွတ်ကျားဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်ပက်ထရစ်ရှာကတော့ အရမ်းရယ်စရာကောင်းစေမယ့် ဟာသကားတစ်ကားဖြစ်တယ်လို့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဆိုပါတယ်။

သရုပ်ဆောင်အကယ်ဒမီကျော်ရဲအောင်၊ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေး၊ ထက်အောင်ရှိုင်း၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခိုင်သင်းကြည်၊ မေ၊ ရတနာဗို နဲ့ တခြားဟာသသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတာမို့ ဇာတ်ကားရိုက်ကူးနေစဉ်အတွင်းမှာလည်း ပျော်စရာကောင်းခဲ့တယ်လို့ ပက်ထရစ်ရှာကပြောပါတယ်။

တစ်ဦးချင်းဆီအတွက် လုပ်ကွက်ရတဲ့ဇာတ်ကားတစ်ကားဖြစ်သလို ပရိသတ်တွေအမောပြေစေမယ့်ဇာတ်ကားတစ်ကားလို့ ပက်ထရစ်ရှာက ပြောပါတယ်။ဇွတ်ကျားရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုဇော် (အာရုဏ်ဦး)က ရိုက်ကူးထားတာဖြစ်ပြီး စက်တင်ဘာ ၂၉ရက်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended