တင်ဇာမော်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ 7 Concert ဖျော်ဖြေပွဲ

  • 7 years ago
တေးသံရှင်တင်ဇာမော်ရဲ့ လေးကြိမ်မြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ ပရိသတ်တွေကြည့်ရှုရတော့မှာဖြစ်ပါတယ်။

7 Concert လို့ နာမည်ပေးထားပြီး တင်ဇာမော်ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ 7 Album ထဲက သီချင်းတော်တော်များများကို ဒီဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေမှာလည်းဖြစ်ပါတယ်။

ပွင့်လင်းရာသီအစ ဖျော်ဖြေပွဲတစ်ခုဖြစ်တာမို့ တင်ဇာမော်ကိုချစ်တဲ့ ပရိသတ်တွေကလည်း စောင့်မျှော်နေသလို တင်ဇာမော်ကိုယ်တိုင်လည်း ဖျော်ဖြေပွဲအတွက် အစွမ်းကုန်အားထည့်ထားတယ်လို့ ဆိုလာပါတယ်။

ဒီဖျော်ဖြေပွဲမှာ သီချင်းအပုဒ် သုံးဆယ်နီးပါးကို သီဆိုဖျော်ဖြေမှာဖြစ်လို့ တင်ဇာမော်ပရိသတ်တွေအတွက် အားရကျေနပ်စေမယ့် ပွဲတစ်ခုလည်းဖြစ်ပါတယ်။

7 Concert ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့မှာရှိတဲ့ Thuwunnabhumi Event Park မှာ ပြလုပ်သွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကိုတောာ့ တစ်သောင်းခွဲကျပ်ကနေ ခုနှစ်သောင်းကျပ်အထိ စီစဉ်ထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်