ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ နိုင်ငံသားတိုင်ပါဝင်ဖို့ သမ္မတ တိုက်တွန်း

  • 7 years ago
မျှော်မှန်းထားကြတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အောင်မြင်အောင် တည်ဆောက်နိုင်ဖို့ နိုင်ငံ သား တစ်ဦးချင်းစီက တက်တက်ာကြွကြွပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော် သမ္မတ က တိုက်တွန်း လိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ကို ပေးပို့ တဲ့ သဝဏ်လွှာမှာ သမ္မတ က တိုက်တွန်းထားတာပါ။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သူအားလုံးဟာ မလျော့သော ဇွဲလုံလနဲ့ ကြိုးပမ်းသွားမယ်ဆိုရင် အားလုံးမျှော်မှန်းထားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ သမ္မတ က ဆိုပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ကူးပြောင်းရေး ၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဆိုတဲ့ ပန်းတိုင်တွေကို တည်ဆောက်နေရချိန်ဖြစ်ပြီး နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့ရတဲ့ မြန်မာနိုင်ငံ ဟာ အလင်းရောင်တွေ့မြင်လာရတာ မကြာသေးဘူးလို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ဆောက်ရေး စဉ်ဆက်မပြတ် တိုးတက်ဖို့အတွက် ငြိမ်းချမ်းပြီး အားလုံး ပါဝင်တဲ့ လူမှုအသိုက်အဝန်းတွေအဖြစ် တိုးမြှင့်ရမှာလို့လည်း သမ္မတက ဆိုထားတာပါ။

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို နေပြည်တော်က လွှတ်တော် မှာ ကျင်း ပခဲ့တာဖြစ်ပြီး သမ္မတရဲ့သဝဏ်လွှာကိုဖတ်ကြားတာနဲ့ လွှတ်တော်ထဲက နိုင်ငံရေးပါတီတွေက စာတမ်း ဖတ်ကြားတာတွေကို ပြုလုပ်ခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - စိုးရ