အာရ်မာ ဟာရီကိန်း ဝင်ရောက်တိုက်ခတ်ပြီး ဖလော်ရီဒါမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်

  • 7 years ago
ဟာရီကိန်းမုန်တိုင်း အာရ်မာ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဖလော်ရီဒါမှာ ရေလွှမ်းမိုးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။

အာရ်မာဟာ စက်တင်ဘာ ၁၀ ရက်ညပိုင်းက စတင်ပြီး ဖလော်ရီဒါ ကမ်းခြေကို ဖြတ်ကျော်ခဲ့တာပါ။ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် မီယာမီ အပါအဝင် ဖလော်ရီဒါက မြို့တော်တော်များများက လမ်းတွေဟာ မြစ်ရေပြင်လို ပြောင်းလဲသွားပါတယ်။

အာရ်မာ ဟာရီကိန်းဟာ အတ္တလန္တိတ် သမုဒ္ဒရာမှာ ပေါ်ပေါက်ခဲ့ဖူးသမျှ အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်ပြီး ကာရေဘီယန် ကျွန်းနိုင်ငံတွေကို ဖြတ်ကျော် တိုက်ခတ်ချိန်မှာ အနည်းဆုံး လူ ၂၈ ဦးလောက် သေဆုံးစေခဲ့ပါတယ်။

ဖလော်ရီဒါမှာလည်း လူနေအိမ်ခြေ ၃.၅ သန်းလောက် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံခဲ့ရပြီး လူပေါင်း ၆.၅ သန်းလောက်ဟာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေကို ယာယီရွှေ့ပြောင်း ခိုလှုံခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးမှု တန်ဖိုးဟာ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။